သောင်ထွန်းမြေလွတ်မြေရိုင်းပေါ်တွင်ဒီရေ ရောက်ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်ခြင်းကိုဒေသခံများကန့်ကွက်

သောင်ထွန်းမြေလွတ်မြေရိုင်းပေါ်တွင်ဒီရေ ရောက်ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်ခြင်းကိုဒေသခံများကန့်ကွက်

ရန်ကုန်၊ အောက်တိုဘာလ ၁ ။        ။ ရန်ကုန်တိုင်းဒေသကြီး၊ခရမ်းမြို့နယ်၊ မုတ္ထမပင်လယ်ကွေ့ရှိ သောင်ထွန်းမြေလွတ်၊မြေရိုင်းများကို သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသစ်တောဦးစီးဌာနမှ ဒီရေရောက်ကြိုးပြင်ကာကွယ်တောအြဖစ် သတ် မှတ်ခြင်းကို ဒေသခံများက ကန့်ကွက်ကြောင်းနှင့် မြေနေရာပြောင်းလဲသတ်မှတ်ပေးရန်ေတာင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

"ပထမက ဧက၁ထောင်၊၂ထောင်လောက်ပေါ်တယ်။ အဲဒီအချိန်ကမြေလွတ်၊မြေရိုင်း ဥပဒေက မပေါ်သေးဘူး။ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဝေခြမ်းရေးလုပ်လိုက်တယ်။ဒုတိယေပါ်တဲ့နေရာကျတော့ ဧက ၃ ထောင် လောက်ပေါ်တယ်။အဲဒါကိုဧရာဝတီတိုင်းက ဦထိန်လင်း ၊သူကိုယ်တိုင်က ဧက ၁၈၀၀၊ ခရိုနီတွေနဲ့ ပေါင်းပြီးတော့ ဧက၃ထောင်ကျော်ကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတို့ကလုပ်လိုက်တယ်။ အဲဒီမှာဒေသခံ ဆင်းရဲသား ပြည်သူမပါဘူး။ အဲဒီနှစ်နေရာမှာ အခု တတိယပေါ်လာတယ်။ အဲဒီလိုလျှောက်ရင်ရတယ်ဆိုပြီး ဒေသခံတွေကလျှောက်ကြတာပါ။ဒေသခြံပည်သူလျှောက်တဲ့နေရာကို ရွေးချယ်ပြီး သစ်တောလို့သတ်မှတ် လိုက်တယ်။ အခုဒေသခံတွေလျှောက်တဲ့ နေရာက သစ်တော သတ်မှတ်တဲ့ဧက ၂၃၀၀ ပတ်ဝန်းကျင်ပါ " ဟု ခရမ်းမြို့နယ် မှဒေသခံ တောင်သူလယ်သမား ဖြစ်သူ ဦးမြင့်ဇော် က မဇ္စျိမသတင်းဌာန ကို ပြောသည်။

ခရမ်းမြို့နယ် ၊မုတ္ထမပင်လယ်ကွေ့တွင် ၂၀၀၈ ခုနှစ်စတင်ကာ သောင်ထွန်းမြေများ စတင်ပေါ်ပေါက် လာခဲ့ပြီး စုစုပေါင်းခန့်မှန်း သောင်ထွန်းမြေဧက ၆၇၀၀ အနက်တွင် ဒေသခံတောင်သူများက လယ်ယာများလုပ်ကိုင်ရန် အတွက် မြေဧက ၁၆၀၀ ကျော်ကို လျှောက်ထားခဲ့ခြင်းဖြစ်သည်။

"တောင်းဆိုချင်းတာက အခုမြေလွတ်၊မြေလတ်၊မြေရိုင်းနည်းဥပဒေ အတိုင်း မှန်မှန်ကန်ကန် မြေလွတ် မြေရိုင်း ပဲဖြစ်စေချင်ပါတယ်။လယ်ယာမြေပဲလုပ်စေချင်ပါတယ်။ ကျွန်တော်တို့ကအစိုးရရဲ့ သစ်တောကို ကန့်ကွက်တာ မဟုတ်ပါဘူး။ အပြင်ဘက်တွေမှာလည်း သောင်တွေအများကြီးထွန်းနေတာရှိပါတယ် ။ ပြောင်းလဲသတ်မှတ် ပေးဖို့ တောင်းဆိုတာပါ " ဟု ဒေသခံလယ်သမားဖြစ်သူ ဦးကျော်မိုးခိုင်က ပြောသည်။

ဒေသခံတောင်သူများက ၂၀၁၀ခုနှစ်တွင် နောက်ဆုံးပေါ်ထွန်းလာသည့်သောင်ထွန်းမြေလွတ် ၊မြေရိုင်းများ ပေါ်တွင် လယ်ယာလုပ်ကိုင်ရန်အတွက် ၂၀၁၄ ခုနှစ်မှစတင်လုပ်ကိုင်လာခဲ့ကြောင်းနှင့် ၂၀၁၅ ခုနှစ် မတ်လ တွင် သက်ဆိုင်ရာမြေစာရင်းဌာနသို့ လုပ်ငန်းလုပ်ကိုင်ရန်လျှောက်ထားခဲ့ရာ အချက်အလက် မပြည့်စုံ ဟုဆိုကာ ပယ်ချခြင်းခံရကြောင်း သိရသည်။ထို့နောက် ၂၀၁၆ခုနှစ်တွင် ဒုတိယအကြိမ် ၊ ၂၀၁၇ ခုနှစ်တွင် တတိယအကြိမ် နှင့် ၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီလတွင်စတုတ္ထအကြိမ် လျှောက်ထားခဲ့ကြောင်းသိရသည်။
သို့သော် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလတွင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တော ဦးစီးဌာနမှ ယင်းသောင်ထွန်း မြေပေါ်တွင် ကြိုးပြင်ကာကွယ်တောအဖြစ် ဖွဲ့စည်း ကြောင်းကြေညာခဲ့သည်ဟု သိရသည်။

"သစ်တော ပဲထားတော့မယ်ဆိုပြီးလုပ်ထဲက မှားနေပါတယ်လို့ပြောထားပါတယ်။ ကျွန်တော်တို့က မြေလွတ်၊ မြေရိုင်း ဥပဒေအနဲ့အညီလျှောက်တာပါ။ မြေလွတ်၊မြေရိုင်း ဥပဒေနဲ့မသွားပဲ ခါးဖြတ်ပြီး သစ်တောအဖြစ် ရည်ရွယ်ကြောင်းကြေညာတယ်ဆိုတာက ဥပဒေက လက်လွတ်စပယ်ဖြစ်နေတယ်။ ကျွန်တော်တို့ကို လျှောက် ခိုင်းတဲ့ဟာတွေကို မီးရှို့လိုက်တော့လို့ပြောချင်တယ်။ ဒီဘက်မှသစ်တော လုပ်မယ်ဆို ကျွန်တော်တို့ လျှောက် ထားတဲ့ မြေလွတ်၊မြေရိုင်း ဟာတွေကို ပီးပြတ်အောင် လုပ်ပြီးမှ လုပ်သင့်တယ်။ အဲလိုမဟုတ်ဘဲ ဇွတ်ကြီး လုပ် တာ ဖြစ်တဲ့အတွက် ဒီဟာကိုအမှန်တိုင်းဖြစ်အောင် လုပ်သွားမှ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ရင်ထဲမှာ လည်း ဒီအတိုင်းပဲ ရှိတယ် " ဟု ဒေသခံ လယ်သမား ဖြစ်သူဦးမြင့်ဇော် က ပြောသည်။

ထို့အပြင် ဒေသခံ လယ်သမား ၉ ဦးကို ယင်းနေရာတွင် ဆက်လက်လုပ်ငန်းလုပ်ကိုင်နေသည့်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းမှ ပုဒ်မ (၁၈၈) ဖြင့် ခရမ်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။
အဆိုပါကိစ္စရပ်များအတွက် ခရမ်းမြို့နယ်မှ ဒေသခံတောင်သူလယ်သမားများက အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝငျဖို့ ဖိတျခေါျလိုကျပါတယျ။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly