‘တောင်တက်နေရသလို ခက်ခဲမှုအဖြစ်မျိုး’နဲ့ မန်ယူအသင်း ရင်ဆိုင်နေရတယ်လို့ နည်းပြ ဆိုးလ်ရှား ပြော

‘တောင်တက်နေရသလို ခက်ခဲမှုအဖြစ်မျိုး’နဲ့ မန်ယူအသင်း ရင်ဆိုင်နေရတယ်လို့ နည်းပြ ဆိုးလ်ရှား ပြော

မန်ချက်စတာယူနိုက်တက်ဟာ အာဆင်နယ်ကို (၁-၁)ဂိုးနဲ့ သရေကျရာမှာ ဦးဆောင်ဂိုးသွင်းပေမယ့် အနိုင်မကစားနိုင်ခဲ့တဲ့ပွဲအပြီးမှာတော့ အသင်းအနေနဲ့  "တောင်တက်ရသလို ခက်ခဲမှု"တစ်ခုလို ရင်ဆိုင်နေရတယ်လို့ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပထမပိုင်းမှာ (၁-၀)ဂိုးနဲ့ ဦးဆောင်နေပေမယ့် အူဘာမီယန်းရဲ့ ချေပဂိုးကြောင့် ဒီရာသီမှာ (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာလည်းဖြစ်ပါတယ်။

"ကျနော်တို့ (၁-၀) နဲ့ ဦးဆောင်ပြီး ဒုတိယဂိုး ထပ်မသွင်းနိုင်မယ့် အဖြစ်မျိုး နောက်ထပ်ဘယ်လောက်များ ရှိဦးမလဲဆိုတာကို ကျနော် တွေးမိပါတယ်။"လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။

"ဒါဟာ ကျနော်တို့အတွက် တောင်တက်နေရသလို အရမ်းခက်ခဲနေပါတယ်။ ကျနော်တို့ သင်ယူမှုတွေ များစွာ
လုပ်ဆောင်ရဦးမှာဖြစ်သလို အလုပ်ကိုလည်း ကြိုးစားရပါမယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေလည်း ချမှတ်ရပါလိမ့်မယ်။"လို့ သူက ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နှစ်ပေါင်း (၃၀)အတွင်း သူတို့ရဲ့ အဆိုးရွားဆုံးလိဂ်ပြိုင်ပွဲ ရာသီအစနဲ့ ကြုံတွေ့နေရပါတယ်။ သူတို့ဟာ လိဂ်အဖွင့် (၇)ပွဲမှာ (၉)မှတ်သာ ရရှိထားပြီး ဇယားဦးဆောင်သူ လီဗာပူးလ်နဲ့ (၁၂)မှတ်အကွာ အဆင့် (၁၀)မှာ ရပ်တည်နေပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly