ကမ္ဘာ့ချန်ပီယံ Angela Lee လေးစားအားကျခဲ့ရသော စံပြအမျိုးသမီးများ

ကမ္ဘာ့ချန်ပီယံ Angela Lee လေးစားအားကျခဲ့ရသော စံပြအမျိုးသမီးများ

လူသားတိုင်းတွင် ငယ်စဉ်ကတည်းက လေးစားအားကျခဲ့ရသော စံပြပုဂ္ဂိုလ်များ ရှိတတ်ပါသည်။ လေးစားအားကျရသော ပုဂ္ဂိုလ်များမှာ အမျိုးမျိုးရှိတတ်သည်။ အချို့က နိုင်ငံရေးခေါင်းဆောင်များ၊ အောင်မြင်ကျော်ကြားသော အနုပညာရှင်များကို လေးစားအားကျသလို အ ချို့ကလည်း အားကစားသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များကို အတုယူတတ်ကြသည်။ အချို့ကျတော့ ကိုယ့်မိဘနှစ်ပါးကို အားကျသူ များလည်း ရှိသည်။

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship ၏ အမျိုးသမီး အက်တမ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ “Unstoppable” Angela Lee သည် ငယ်ရွယ်သူတစ်ယောက်ဖြစ်သော်လည်း အမျိုးသမီးတိုင်းမဖြစ်နိုင်သည့် ကမ္ဘာ့ချန်ပီယံတစ်ယောက် ဖြစ်သည်။ ထို့အတွက်ကြောင့် ၎င်းမှာ အမျိုးသမီးများအတွက် အတုယူလေးစားစရာ လူသားတစ်ယောက်ဟုဆိုလျှင်လည်း မည်သူကမှ ငြင်းဆန်နေမည် မဟုတ်ပါ။

အများ၏ အတုယူလေးစားအားကျစရာ အမျိုးသမီးတစ်ယောက်ဖြစ်သော Angela Lee သည် ဆယ်ကျော်သက်အရွယ်ကတည်းက ပြိုင် ပွဲများယှဉ်ပြိုင်ရာတွင် အောင်မြင်မှုရရှိရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများနှင့် ကြုံ တွေ့နေချိန်တွင် ကြံ့ခိုင်မှုအပြည့်ဖြင့် အကျပ်အတည်းများကို ကျော်ဖြတ်နိုင်ခဲ့သော အမျိုးသမီးများက ၎င်း၏ စိတ်ပျက်အားငယ်မှုများ အား ဖယ်ရှားပေးကာ လမ်းကြောင်းမှန်ပေါ် ပြန်လည်တက်လှမ်းလာနိုင်အောင် အထောက်အပံ့ဖြစ်စေခဲ့သည်။

စင်ကာပူအားကစားသမား Angela Lee သည် ONE အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲအြဖစ် အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ကျင်းပမည့် ONE: CENTURY PART-1 တွင် တရုတ်အားကစားသမား “The Panda” Xiong Jing Nan နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံဖြစ်လာနိုင်ရန်နှင့် အောင်ပွဲများရယူနိုင်ရေးအတွက် Angela Lee စံပြုထားရသည့် အမျိုးသမီး များရှိပြီး ထိုအထဲတွင် မိခင်ဖြစ်သူ Jewelz လည်း အပါအဝင်ဖြစ်သည်။

Jewelz သည် ကိုယ်ခံပညာရပ်များတွင် ခါးပတ်နက်အဆင့်ရရှိခဲ့သူဖြစ်ပြီး စည်းကမ်းသေဝပ်မှုအပြည့်ဖြင့် ယှဉ်ပြိုင်တတ်သော အားကစား သမားကောင်းတစ်ယောက်လည်းဖြစ်သည်။ မိခင်ဖြစ်သူက ကစားသမားဘဝတစ်လျှောက် လွှမ်းမိုးမှုများရှိခဲ့သလို ကိုယ်ခံပညာသိုင်း ပေါင်းစုံ အားကစားသမားမိသားစုဝင်များ၏ အားပေးထောက်ခံမှုကြောင့် အောင်မြင်မှုများရနေခြင်းဖြစ်ေကြာင်း Angela Lee က ဆို သည်။

အမေက ကျွန်မတို့မိသားစုထဲမှာ တော်တော် တက်ကြွတယ်။ ဘာပဲလုပ်လုပ် မိသားစုအတွက်ပဲ လုပ်တတ်တယ်။ ဒါပေမဲ့ အဖွားက လည်း ကျွန်မရဲ့စံပြပုဂ္ဂိုလ်တစ်ယောက်ပါပဲ။ အဖွားက ကျွန်မကို ဂရုစိုက်သလို ခေါင်းမော့နေနိုင်အောင်လည်း ကူညီပေးတယ်။ သူက ကျွန်မကိုသာမက တစ်မိသားစုလုံးကို ချစ်တယ်။ သူ့ရဲ့မြေးတွေကိုလည်း မယုံနိုင်စရာကောင်းလောက်အောင် အကူအညီတွေပေးတယ်။ ကမ္ဘာ့ချန်ပီယံဖြစ်လာတုန်းက ကျွန်မရဲ့ထိပ်တန်းပရိသတ်တွေထဲမှာ အဖွားရော၊ အဖိုးပါ ပါတယ်ဟု အသက် ၂၃ နှစ်အရွယ် ၎င်းက မိ သားစုဝင်များ၏ အားပေးထောက်ပံ့မှုကို ပြန်ပြောင်းပြောပြသည်။

၎င်းနှင့် မောင်ဖြစ်သူ ONE လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ Christian “The Warrior” Lee တို့ မောင်နှမနှစ်ယောက်သည် မိဘများ၏လေ့ ကျင့်သင်ကြားပေးမှုများနှင့်အတူ လေ့ကျင့်မှုကို ပြုလုပ်လျက်ရှိသည်။ ဖခင်ဖြစ်သူ Ken မှာလည်း ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသ မားတစ်ယောက်ဖြစ်ပြီး အားကစားသမားကောင်းတစ်ယောက်၊ အမျိုးသမီးကောင်းတစ်ယောက်ဖြစ်လာရန် မိသားစုက အကောင်းဆုံး လမ်းညွှန်ပြသခဲ့သလို ၎င်းတို့၏ အထောက်အပံ့သာမရလျှင် လက်ရှိအနေအထားကို ရောက်လာဖွယ်မရှိဟု Angela Lee က ဝန်ခံသည်။

ဒီနေ့အထိ မိသားစုရဲ့လမ်းညွှန်ပြသမှု၊ အကြံပေးမှုတွေကို ယူနေရတုန်းပဲ။ အမေနဲ့အဖွားက အရမ်းကို နှံ့နှံ့စပ်စပ်ရှိသလို ကြံ့ခိုင်သန်စွမ်း တဲ့ မိန်းမသားတွေပါ။ ကျွန်မဘဝ ကြီးပြင်းလာချိန်မှာ ဒီလို အံ့အားသင့်စရာကောင်းတဲ့ အမျိုးသမီးတွေရဲ့ကူညီထောက်ပံ့မှုရခဲ့တာက ကံ ကောင်းသလို ဂုဏ်ယူစရာလည်းဖြစ်ပါတယ်ဟု ၎င်းက ပြောသည်။ စွမ်းအင်အပြည့်အဝရှိသော အမျိုးသမီးများ၏ အားပေးထောက်ပံ့မှု ကိုရရှိကာ အောင်မြင်သည့်ဘဝကို တည်ဆောက်ထားနိုင်သော်လည်း Angela Lee အဝေးတစ်နေရာသို့ရောက်ရှိနေချိန် အကူအညီများ လိုအပ်နေချိန်တွင် ၎င်း၏ မိသားစုသည် ဖုန်းတစ်ချက်ထက် ပိုဆက်လေ့မရှိဟု United MMA နှင့် Evolve MMA အသင်းသားက ရှင်းပြ သည်။

ထိုသို့ဖြစ်ရခြင်းမှာ အကူအညီမပေးလို၍မဟုတ်ဘဲ ကြုံတွေ့လာသည့်အခက်အခဲများကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းတတ်စေရန် ငယ် စဉ်ကတည်းက သင်ကြားပေးခဲ့သောကြောင့်ဖြစ်သည်။ ပြဿနာများ၊ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လာလျှင် အဖြေတစ်ခုရသည် အထိ ဘယ်လိုဖြေရှင်းရမည်ဆိုသည်ကို မိသားစုဝင်များက သင်ကြားပေးခဲ့ပြီး ၎င်းအောက်မှ မောင်နှမ ၃ ယောက်စလုံးကလည်း မိမိကို စံနမူနာထားစရာပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြသည်ဟု Angela Lee က ဆိုသည်။

Angela Lee သည် မောင်နှစ်ယောက်၊ ညီမတစ်ယောက်ကို အမြဲတစေ အကူအညီပေးလေ့ရှိပြီး လိုအပ်သည့် အကြံကောင်းဉာဏ် ကောင်းများကိုလည်း လမ်းညွှန်ပြသပေးလေ့ရှိသည်။ လေ့ကျင့်မှုများပြုလုပ်ရာတွင်လည်း လိုအပ်သည့်အကြံပေးမှုများကို ပြုလုပ်တတ် သည်။ မောင်ငယ်၊ ညီမငယ်များအတွက် စံနမူနာထားစရာ ပုဂ္ဂိုလ်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသလို မောင်နှမများ အောင် မြင်မှုများရရှိစေရေးအတွက်လည်း ကြိုးစားပေးသွားမည်ဟု အစ်မကြီးအမိရာဆိုသလို မောင်နှမများအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာ ကို လှစ်ဟပြခဲ့သည်။

ဆယ်ကျော်သက်အရွယ်သာရှိသေးသော ညီမဖြစ်သူ Victoria မှာ ငယ်ရွယ်သေးသော်လည်း အခြားမိသားစုဝင်များလိုပင် ၎င်း၏ဘဝကို လှုံ့ဆော်နိုင်စွမ်းရှိသည်ဟုလည်း Angela Lee က ဆိုသည်။

ရယ်စရာလို့ထင်မှာပဲ။ ဒါပေမဲ့ ကျွန်မရဲ့ညီမလေးက ကျွန်မကို စိတ်ဓာတ်လှုံ့ဆော်မှု အများကြီးပေးနိုင်တယ်။ ၁၅ နှစ်အရွယ်ပဲရှိသေးပေ မယ့် Victoria က မယုံနိုင်စရာကောင်းတယ်။ သူက စမတ်ကျကျဝတ်ဆင်တတ်သလို အားကစားသမားကောင်းတစ်ယောက်လည်းြဖစ်ပါ တယ်။ ဘာပဲလုပ်လုပ် မြန်မြန်ဆန်ဆန်လုပ်တတ်တယ်။ ညီမလေးက တခြားလူတွေလိုပဲ ကျွန်မကို လှုံ့ဆော်မှုဖြစ်ပါတယ်ဟု Angela Lee က ပြောသည်။

ONE: CENTURY သည် သမိုင်းတစ်လျှောက်အထူးခြားဆုံး ကိုယ်ခံပညာအားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးဖြစ်ပြီး ကိုယ်ခံပညာအားက စားအသီးသီးမှ ကမ္ဘာ့ချန်ပီယံပေါင်း ၂၈ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ နှစ်ပွဲကို တစ်ရက် တည်းကျင်းပသည်ဟူ၍ မရှိဖူးသေးပါ။

ONE Championship သည် ကမ္ဘာ့ချန်ပီယံဘွဲ့ပြိုင်ပွဲပေါင်းစုံကို တစ်ရက်တည်း၌ ကျင်းပယှဉ်ပြိုင်စေခြင်းဖြင့် နယ်ပယ်အသစ်တစ်ခုကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁၃ရက်၌ ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံ တွင် ကမ္ဘာ့ဂရင်းပရီချန်ပီယံရှစ်ဗိုလ်လုပွဲသုံးပွဲ၊ ကမ္ဘာ့ချန်ပီယံချင်းယှဉ်ပြိုင်မည့်ပွဲများစွာပါဝင် ကျင်းပသွားမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly