AI ကင်မရာ ၅ လုံးနဲ့ အဆင့်မြင့်မြင့် ပွဲထွက်လာတဲ့ HUAWEI NOVA 5T

AI ကင်မရာ ၅ လုံးနဲ့ အဆင့်မြင့်မြင့် ပွဲထွက်လာတဲ့ HUAWEI NOVA 5T

HUAWEI Consumer Business Group မှ သုံးစွဲသူများကို အဆင့်မြင့်မြင့်အတွေ့အကြုံများပေးအပ်နိုင်မည့် HUAWEI Nova 5T ကို မိတ်ဆက်လိုက်သည်။

ဖက်ရှင်ချစ်မြတ်နိုးသူများအတွက် လှပကျော့ရှင်းသည့် စမတ်ဖုန်းတစ်လုံးHUAWEI သည် မိုဘိုင်းဟန်းဆက် ဒီဇိုင်းများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းဘောင်များအားကျာ်ဖြတ်နိုင်ရန် Nova 5Tသက်သေပြထားသည်။  HUAWEI Nova 5T တွင် 6.26” ရှိသည့် Punch FullView Display ပါဝင်ပြီး 174g အလေးချိန်ရှိကာအထူအားဖြင့်   7.87 mm ရှိသောကြောင့် ကြီးမားသည့်မျက်နှာပြင်အား ပါးလွှာသည့်ကိုယ်ထည်ပေါ်တွင် ကြည့်ရှုနိုင်သည်။

သုံးစွဲသူများ၏ မည်သည့်အမှတ်တရမျိုးမဆို ရို်က်ကူးပုံဖော်နိုင်မည့် AI Camera ၅ လုံးHUAWEI Nova 5T တွင် ပါဝင်သည့် HDR+ Algorithm ကြောင့် မှောင်မဲနေသည့် အချိန်၌ပင် ရိုက်ကူးနိုင်မည်ဖြစ်သည်။ HUAWEI nova 5T သည် အဆင့်မြင့် စမတ်ဖုန်း တစ်လုံးမှပေးစွမ်းနို်င်စွမ်းရှိသော ဓာတ်ပုံနှင့် ဗီဒီယို အရည်အသွေးများအားပေးစွမ်း နိုင်မည် ဖြစ်သည်။

 

HUAWEI nova 5T တွင် ပါဝင်သည့် 32MP ultra-clarity ကင်မရာသည် selfie များခေတ်စားနေသည့် ယခုကဲ့သို့သောခတ်တွင် ယှဉ်ပြိုင်သူ ကင်းမဲ့သည့် sharpness အားပးစွမ်းကာ ဆံခြည်တံမျှဉ်ကအစ ရိုက်ကူးစေနိုင်သည်။

 

အနောက်ဖက် AI ကင်မရာ ၄ လုံးပါဝင်ပြီး 48MP HD Lens 16MP wide-angle lens 2MP macro Lens နှင့် 2MP Bokeh Lens များဖြင့် high-definition ultra-wide-angle macro နှင့် depth of field ဓာတ်ပုံများအား ရိုက်ကူးစေနိုင်မည်ဖြစ်ပြီး သဘာဝရှုခင်းအနီးကပ် ပုံရိပ်များအား ရိုက်ကူးစေနိုင်မည်ဖြစ်သည်။

 

AI Image Stabilization (AIS) Auto Exposure Lock (AEL) နှင့် Auto Focus Lock (AFL)ကဲ့သို့သောAI အထောက်အကူ ပြုထားသည့် ဓာတ်ပုံပညာရပ်ပိုင်းဆိုင်ရာ နည်းပညာများ ပါဝင်ပြီးပုံရိပ်များအား အသေးစိတ် တိကျစွာ ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ HUAWEI nova 5T သည်အင်အားကြီးမားသည့် ဗီဒီယို တည်းဖြတ်ခြင်း လုပ်ဆောင်ချက် များလည်းလုပ်ကိုင်စေနိုင်မည်ဖြစ်သည်။

စျေးနှုန်း

HUAWEI nova 5T အား Crush Blue Black နှင့် Midsummer Purple ဆိုပြီး အရောင် ၃ မျိုးဖြင့်ရွးချယ်နိုင်မည် ဖြစ်ပြီးစျးနှုန်းအားဖြင့် မြန်မာငွေကျပ် ၅၉၉,၀၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

HUAWEI nova 5T အား ဝယ်ယူသူများအတွက်ထူးခြားချက်အနေဖြင့် CB Bank နှင့် ပူးပေါင်းမှုပုလုပ်ကာ အတိုးနှုန်း 0%ဖြင့် ဖုန်းဝယ်ယူနိုင်မည့် အခွင့်အရေးအားလည်း ပေးအပ်သွားမည်ဖြစ်သည်။

https://ssl.gstatic.com/ui/v1/icons/mail/images/cleardot.gif

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly