အမေရိကန်က အာဖဂန်တွင် စစ်ရေးတည်ရှိမှု ၂၀၁၆ အလွန်ထိ ထားရှိရန် စဉ်းစား

အမေရိကန်က အာဖဂန်တွင် စစ်ရေးတည်ရှိမှု ၂၀၁၆ အလွန်ထိ ထားရှိရန် စဉ်းစား

အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်ရှိ ၎င်း၏စစ်ရေးတည်ရှိမှုကို ၂၀၁၆ ခုနှစ်အလွန်ထိ ထားရှိသွားရေးအတွက် စဉ်းစားနေလျက်ရှိကြောင်း စီမံတာဝန်ရှိသူများက ပြောသည်။

သမ္မတအိုဘားမားအနေဖြင့် ယင်းအတွက် လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ၂၀၁၇ အလွန်တွင် တရားထွက်ခွက်ချိန် တပ်ဖွဲ့ဝင်အင်အား ၅၅၀၀ အာဖဂန်နိုင်ငံအတွင်း ဆက်လက်ထား ရှိသွားရေးမျှော်လင့်နေသည်။

မူလသဘောတူညီမှုအားဖြင့် သံရုံးအခြေစိုက် တပ်ဖွဲ့ငယ်များပင် လာမည့်နှစ်ကုန်တွင် ထွက်ခွာရမည်ဖြစ်သည်။

သို့သော် အမေရိကန်စစ်တပ်တာဝန်ရှိသူများက အာဖန်နစ္စတန်တပ်ဖွဲ့ဝင်များအား ကြီးထွားနေလျက်ရှိသည့် တာလီဘန်တပ်ဖွဲ့များအား ရင်ဆိုင်တိုက်ခိုက်သွားရေး ကူညီထောက်ပံ့ရန် လိုအပ်နေကြောင်း အမေရိကန်စစ်တပ်က ပြောသည်။

အာဖဂန်နစ္စတန်တွင် လက်ရှိ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၉၈၀၀ ရှိထားသည်။ ၂၀၁၆ အလွန်တွင်လည်း အာဖဂန်တွင် အမေရိကန်စစ်ရေးတည်ရှိမှု မြှင့်တင်သွားနိုင်ရေးအတွက် စဉ်းစားရလိမ့် မည်ဖြစ်ကြောင်း ထိပ်တန်းတပ်မှူးတစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly