သငါကျေးရွာ ဘုန်ကြီးကျောင်းအနီး မြေထိန်းနံရံတည်ဆောက်ပေးရန် ဒေသခံများ တောင်းဆိုနေဟုဆို

သငါကျေးရွာ ဘုန်ကြီးကျောင်းအနီး မြေထိန်းနံရံတည်ဆောက်ပေးရန် ဒေသခံများ တောင်းဆိုနေဟုဆို

စစ်ကိုင်း၊ စက်တင်ဘာ ၂၇ ။           ။ ဖောင်းပြင်မြို့နယ်၊ သငါကျေးရွာ၊ ဘုန်ကြီးကျောင်းအနီး ပေ(၉၀၀) အရှည်ရှိသော မြစ်ကမ်းပါး မြေ ထိန်းနံရံ၏အောက်ဘက်တွင် ကမ်းပါးများမပြိုစေရန် မြေထိန်းနံရံတည်ဆောက်ပေးရန် ဒေသခံများ ကတောင်းဆိုနေကြောင်း ဖောင်းပြင်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်ထွန်းကပြောသည်။

ဖောင်းပြင်မြို့နယ်၊ သငါကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၉၉.၀ သန်းဖြင့် သလ္လာရွှေညီနောင် ကုမ္ပဏီက တင်ဒါအောင်မြင်ပြီး အလျား ၉၅၀ ပေရှိ အခြေထိန်းမျောကရစ်ကွက်နှင့် မျောရေကာတာ တို ၇၀ ပေ ၆ ခုဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါ ၎င်း၏အောက်ဘက် မြစ်ကမ်းပါးများမပြိုရန်နှင့်လူနေအိမ်များ ပြိုကျပျက်စီးမှုမှ ကာကွယ်နိုင် ရန်အတွက် မြစ်ကမ်းပါးမြေထိန်းနံရံတည်ဆောက်ပေးပါရန်နှင့် မြေထိန်းနံရံ တည်ဆောက်ပေးမည် ဆို ပါက မည်သည်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိလိုကြောင်း စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ဦးခင်မောင်ထွန်းက မေးမြန်းခဲ့သည်။

"ကမ်းပါးတွေ မြစ်ရေတိုက်စားတော့ ပြိုကျတာတွေတော့ ရှိပါတယ်။ ဒီလိုမျိုးကမ်းထိန်းနံရံတည် ဆောက်ပေးဖို့က တင်ပြမှတည်ဆောက်တဲ့အတွက်ကြောင့် ကမ်းထိန်းနံရံတည်ဆောက်ပေးဖို့ တင်ပြခဲ့တာပါ"ဟု ဦးခင်မောင်ထွန်းကသည်။

ဆောင်ရွက်ထားသော ကမ်းထိန်းလုပ်ငန်းများ၏ အကျိုးသက်ရောက်မှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်ရန်လိုအပ်သော အခြေအနေကို မြစ်ရေပြန်လည်ကျဆင်းချိန်တွင် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်မှုအခြေအနေအရ ရန်ပုံငွေလျာထား တင်ပြတောင်းခံကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း ကပြောသည်။

သငါကျေးရွာသည် ဖောင်းပြင်မြို့နှင့်ရေမိုင် ၄၀ ခန့်အကွာဝေးတွင် တည်ရှိပြီး မော်လိုက်မြို့နယ်နှင့် ထိစပ်နေသော ကျေးရွာလည်းဖြစ်သည်။ အဆိုပါကျေးရွာတွင် လူဦးရေ ၃၆၄၂ ဦးခန့်နေထိုင်ကြ ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly