ရိခေါ်ဒါရ်မြို့တွင် မြေပြိုကျမှုကြောင့် အိမ်တစ်လုံးပျက်စီး

ရိခေါ်ဒါရ်မြို့တွင် မြေပြိုကျမှုကြောင့် အိမ်တစ်လုံးပျက်စီး
ဓာတ်ပုံ-ရိခေါ်ဒါရ်IP

စက်တင်ဘာ ၂၇ ။          ။ ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့တွင် မိုးရွာသွန်းပြီး မြေပြိုကျမှုကြောင့် စက်တင်ဘာ ၂၇ ရက်နေ့ နံနက် က လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်ဗိခ်ဆုံး၏ နှစ်ထပ်အဆောက်အဦသည် နေအိမ်အနောက်ဘက် လမ်းကမ်းပါးအမြင့်ပေ ၁၅၀ ခန့် ပေါ်မှ မြေပြိုကျမှုကြောင့် နေအိမ်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

"မိုးရွာသွန်းပြီး မြေပြိုကျမှုကြောင့် လူနေအိမ်တစ်လုံးပျက်စီးတာ ဟုတ်ပါတယ်။စက်တင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းမှာ ဖြစ်တာပါ။အိမ်တော့ ပျက်စီးရတယ်။လူတွေနဲ့တိရစ္ဆာန်တွေတော့ မထိခိုက်ဘူး"ဟု ဦးကျင်လမ်းခိုင်ကပြောသည်။

ပျက်စီးခဲ့သည့်နေအိမ်သည် မိသားစုဝင် ငါးဦး နေထိုင်ပြီး နေအိမ်ပျက်စီးခဲ့သည့်အတွက် လက်ရှိတွင် ဆွေမျိုးနေအိမ်ထံပြောင်းရွှေ့နေထိုင်ကြောင်း သိရသည်။

သဘာဝဘေးဖြစ်ပေါ်ခဲ့သည့်နေရာသို့ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူများနှင့် ဒေသခံလူငယ်များက သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly