ရာသီအကူးအပြောင်းကြောင့် လည်ချောင်းနာနေပြီဟုတ်…..

ရာသီအကူးအပြောင်းကြောင့် လည်ချောင်းနာနေပြီဟုတ်…..

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
 

မိုးလေးကုန်လို့ ဆောင်းကိုကူးဖို့ ရာသီဥတုကူးပြောင်းမှုလေးက အစချီနေချိန်မှာ ပြောင်းလဲမှုကိုမခံစားနိုင်တဲ့ ခန္ဓာကိုယ်က လည်ချောင်းနာတာကိုခံစားနေရပြီဟုတ်။ ညအိပ်တုန်းက အကောင်းကြီးပါ။ မနက်နိုးမှဘဲ လည်ချောင်းထဲက နာချင်သလိုလိုဖြစ်လာတယ်ဆိုတဲ့ ခံစားချက်များခံစားနေရပြီလား Helloဆရာဝန်ပရိသတ်ကြီးရေ…. ဒီခံစားမှုကို သက်သာစေဖို့ပဲဖြစ်ဖြစ် ခပ်ဝေးဝေးနေဖို့ပဲဖြစ်ဖြစ် စိတ်ကူးထားတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။
ရာသီအကူးအပြောင်းမှာ ခံစားရတဲ့ လည်ချောင်းနာတာကို သက်သာစေဖို့ ဘာတွေဂရုစိုက်ရမလဲ……….

ရာသီအကူးအပြောင်းကြောင့်ဖြစ်လာတဲ့ လည်ချောင်းနာတာကို သက်သာစေဖို့နဲ့ မခံစားရစေဖို့ဆိုရင်တော့

အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးဝတာကလည်း ခန္ဓာကိုယ်ကို ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးတွေကို အကောင်းဆုံးကာကွယ်တိုက်ထုတ်နိုင်မှာပါ။ ဒါကြောင့် ရုပ်ရှင်ကြည့်ချိန်၊ ဖုန်းသုံးချိန်နဲ့ ဂိမ်းဆော့ချိန်တွေကိုလျှော့လို့ ညတိုင်း အိပ်ချိန် ၈ နာရီပြည့်ဝအောင်ထားပေးပါ။

အာဟာရပြည့်ဝအောင်စားပါ

ခန္ဓာကိုယ်ကျန်းမာစေဖို့ မေ့ထားလို့မဖြစ်တဲ့အခက်တစ်ခုပေါ့။ ဒါကြောင့် တစ်နေ့တာမှာ ခန္ဓာကိုယ်အတွက်လိုအပ်မယ့် အာဟာရတွေကို ပြည့်ဝအောင်စားပေးပါ။ တစ်နေ့ကို အနည်းဆုံး ၂ နပ်တော့ ပြည့်ပြည့်ဝဝစားပေးပါ။ အသား၊ငါး၊ ဟင်းသီးဟင်းရွက်တွေကို ပြည့်ပြည့်ဝဝစားပေးပါ။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေသူတွေက ဖျားနာခဲကြပါတယ်။ အကြောင်းကတော့ သူတို့က အခြားသူတွေထက် ကိုယ်ခံအားပိုကောင်းနေတတ်ကြတာကြောင့်ပါ။ ဒါကြောင့် တစ်နေ့ကို မအားဘူးဆိုရင်တောင်မှာ ၁၅ မိနစ် ကနေ နာရီဝက်လောက်အထိ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။

ပျားသံပရာ သောက်ပါ

ရေနွေးခပ်နွေးနွေးလေးထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သံပရာသီးတစ်စီတ်စာလောက်ညှစ်ထည့်ပြီး သောက်ပေးပါ။ တစ်နေ့ကို တစ်ခွက်လောက်သောက်ပေးတာက ကိုယ်ခံအားကောင်းစေနိုင်သလို လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်မှာပါ။

ချင်း (ဂျင်း) ပြုတ်ရည်သောက်ပါ

ချင်း (ဂျင်း) ကကိုယ်ခံအားကောင်းစေပြီး ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက် ချင်း (ဂျငး်) ပြုတ်ရည် သောက်ပေးပါ။

ရေများများသောက်ပါ

ရေ၊ စွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်လိုမျိုး ခန္ဓာကိုယ်အတွက် ရေဓာတ်ရရှိစေမယ့် သောက်စရာတွေကိုသောက်သုံးပေးလို့ရပါတယ်။ လည်ချောင်းမှာ အစိုဓာတ်ရှိနေတာက လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပါ။ အရည်ဆိုလို့ ကော်ဖီတွေ၊ လက်ဖက်ရည်တွေတော့မသောက်ပါနဲ့။ ကဖင်းပါတဲ့ အချိုရည်တွေနဲ့ အရက်၊ဘီယာတို့ကိုလည်းရှောင်ပေးပါနော်။

လက်မကြာခဏဆေးပါ

ရောဂါပိုးတွေကို ကာကွယ်တိုက်ထုတ်နို်င်တဲ့ အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံးနည်းလမး်တစ်ရပ်ပါ။ ဒါကြောင့် လက်ကို ညစ်ပေတဲ့အခါတိုင်းနဲ့ အစားမစားခင်တိုင်းမှာ လက်ကိုသေချာလေသန့်စင်ပေးဖို့ မမေ့ပါနဲ့။

ရေနွေးကြမ်းသောက်ပါ

ရေနွေးကြမ်းခပ်နွေးနွေးလေးသောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါ ရေနွေးခပ်နွေးနွေးလေးသောက်ပေးပါ။

ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly