ဗြိတိန်ဘဏ်စာရင်းများထဲမှ စတာလင်ပေါင် သန်း၂၀ကို ဆိုက်ဘာလူဆိုးများက ခိုးယူခဲ့ဟုဆို

ဗြိတိန်ဘဏ်စာရင်းများထဲမှ စတာလင်ပေါင် သန်း၂၀ကို ဆိုက်ဘာလူဆိုးများက ခိုးယူခဲ့ဟုဆို

လန်ဒန်၊ အောက်တိုဘာ-၁၅ ။            ။ အရှေ့ဥရောပမှ ရာဇဝတ်ကောင်များမှာ အဖျက်အမှောင့်ဆော့ဖ်ဝဲများကို အသုံးပြုပြီး ပြည်သူလူထုများ၏ ဘဏ်စာရင်းအချက်အလက်များကို စုဆောင်းနေကြသည်။

အင်တာနက်သုံးစွဲသူများအား ဗြိတိန်ဘဏ်စာရင်းများထဲမှ စတာလင်ပေါင် သန်း၂၀ကို လူဆိုးများကို ခိုးယူသွားနိုင်စေခဲ့သည့် အဖျက်အမှောင့်ဆော့ဖ်ဝဲများနှင့် ပတ်သက်၍ သတိပေးထားသည်။

အရှေ့ဥရောပမှ ဆိုက်ဘာလူဆိုးများက Bugat နှင့် Cridex ဟုလည်း လူသိများသည့် Dridex အဖျက်အမှောင့် ဆော့ဖ်ဝဲများကို အသုံးပြုပြီး အွန်လိုင်းဘဏ်စာရင်းအချက်အလက် အသေးစိတ်များကို စုဆောင်းကာ ကမ္ဘာတစ်ခွင်ရှိ တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများထံမှ ငွေသားများကို ခိုးထုတ်ရာတွင် အသုံးပြုနေကြသည်။

သုံးစွဲသူများက တရားဝင်အီးမေးယောင်ဆောင်ထားသည့် စာရွက်စာတန်းများကို လက်ခံဖွင့်ဖတ်လိုက်သည့်အခါတွင် ကွန်ပျူတာများမှာ Dridex ဆော့ဖ်ဝဲများ ကူးစက်ခံရလာသည်။

ဗြိတိန် အမျိုးသားရာဇဝတ်မှု အေဂျင်စီကမူ ဗြိတိန်တွင် ကူးစက်ခံနေရသည့် ကွန်ပျူတာ ထောင်ပေါင်းများစွာရှိပြီး အများစုမှာ Windows လုပ်းစနစ် သုံးစွဲသည့် ကွန်ပျူတာများဖြစ်သည်ဟု ဆိုသည်။

ထိုအေဂျင်စီက အဖျက်အမှောင့်ဆော့ဖ်ဝဲများကို နှစ်မြှုပ်ပစ်ရန်၊ botnet ဟုခေါ်သည့် ကူးစက်ခံနေရသည့် ကွန်ပျူတာများကို ၎င်းတို့ကို ထိန်းချုပ်နေသည့် ဆိုက်ဘာရာဇဝတ်ကောင်များနှင့် အဆက်အသွယ်ဖြတ်တောက်ပစ်ရန် FBIနှင့် ပူးပေါင်းလုပ်ကိုင်နေသည်။

နောက်ထပ် ဆိုက်ဘာတိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် အင်တာနက်သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ကွန်ပျူတာများတွင် လုပ်ငန်းစနစ်များကို သက်တမ်းတိုးရန်၊ ဗိုင်းရပ်တိုက် ဖျက်သည့်   ဆော့ဖ်ဝဲများ တင်ထားကြရန် NCAက တိုက်တွန်းနေသည်။

အဖျက်အမှောင့်ဆော့ဖ်ဝဲများ ကူးစက်ခံရပြီးနောက် ငွေကြေးများ ဆုံးရှုံးသွားသည်ဟု သံသယရှိသူများအနေဖြင့် မိမိတို့ ငွေစာရင်းဖွင့်ထားသည့် ဘဏ်များကို အသိပေးတပ်လှန့်ထားပြီး ဆိုက်ဘာရာဇဝတ်မှု သတင်းဌာန Action Fraud နှင့်လည်း ဆက်သွယ်ကြရန် အကြံပေးထားသည်။  

နိုင်ငံတကာအဆင့်တွင်လည်း ရှုပ်ထွေးဉာဏ်များလှသည့် ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းလျှက်ရှိရာ အရေးကြီးသည့် ဖမ်းဆီးမှုများကိုလည်း ပြုလုပ်လာနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly