ချောင်းလေးဆိုး ၊နှာလေးချေလိုက်တာနဲ့ ဆီးထွက်ကျသွားတဲ့ သူတွေရှိလား ။ ။

ချောင်းလေးဆိုး ၊နှာလေးချေလိုက်တာနဲ့ ဆီးထွက်ကျသွားတဲ့ သူတွေရှိလား ။ ။

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဆီးမထိန်းနို်င်တာ ဆီးသွားရင်ပူတာ ဆီးသွားရင် ကျဉ်တာစတဲ ့ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဆိုတာ ဖြစ်တဲ့သူ မရှားလှတဲ့ ကျန်းမာရေးပြဿနာတွေပါ။ ဘယ်သူကတော ့ဆီးမထိန်းနိုင်ဘဲ ထွက်ကျတဲ့အဖြစ်ဖြစ်ချင်မလဲနော်။ ဒါပေမယ့်လည်း ေချာင်းဆိုးလိုက်ချိန် အလေးမလိုက်ချိန် အားတစ်ခုခုပြုလိုက်ချိန်မှာ ဆီးပါထွက်ကျသွားတဲ့အဖြစ်ကိုယ့်ဆီမှာ ဖြစ်နေပြီလား။ ။

ဒီလို ချောင်းဆိုးလိုက်ချိန် အလေးမလိုက်ချိန် အားတစ်ခုခုပြုလိုက်ချိန်မှာ ဆီးပါထွက်ကျသွားတဲ့အဖြစ်ကို ဆေးပညာမှာ Stress incontinence လို့ခေါ်ပါတယ်။ `

  • နာမည်ထဲမှာ stress ပါတယ်ဆိုပြီး စိတ်ဖိစီးမှုကြောင့် ဒီလို ဆီးမထိန်းနို်င်တာမျိုး ဖြစ်တာမဟုတ်ပါဘူး။ ဒီထဲက stress ဆိုတာ အားသက်ရောက်မှု တစ်ခုကိုဆိုလိုတာ ဖြစ်ပါတယ်။
  • အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုပါ။

Stress incontinence ရဲ့လက္ခဏာတွေကတော့

  • ချောင်းဆိုးနှာချေတဲ့ချိန် ၊ ရယ်လိုက်ချိန် ဆီးထွက်ကျမယ်
  • ထိုင်ရာက ထလိုက်တဲ့အချိန် ကားထဲက ထွက်လိုက်တဲ့အချိန် ဆီးထွက်သွားမယ်
  • လေ့ကျင့်ခန်းလုပ်နေချိန် အမျိုးသားနဲ့ အတူနေချိန် တွေမှာ ဆီးထွက်ကျလာမယ် စတာတွေပဲ ဖြစ်ပါတယ်။ ဆီးအိမ်တင်းနေတဲ့အချိန် ဒါတွေလုပ်ပြီဆိုတာနဲ့ ဆီးထွက်ကျလာမှာ ဖြစ်ပါတယ်။

Stress incontinence ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

  • အမျိုးသမီးတွေမှာဆို – မီးဖွားချိန် တင်ပဆုံပတ်လည်က ကြွက်သားတွေနဲ့ အာရုံကြောတွေထိခိုက်မိတာကနေ ဆီးမထိန်းနို်င်တဲ့ ပြဿနာဖြစ်တာ။
  • အမျိုးသားတွေမှာဆို ဆီးကျိတ်ကြီးတာ၊ ဆီးကျိတ်ကင်ဆာစတဲ့ ပြဿနာတွေကို ကုသဖို့အတွက် ဆီးကျိတ်ခွဲစိတ်မှု လုပ်ချိန် ဆြီး့ပွန်ပတ်လည်က ရှုံ့ကြွက်သားထိခိုက်မိတာကြောင့် Stress incontinence ဖြစ်သွားတတ်ပါတယ်။

Stress incontinence အဖြစ်နိုင်ဆုံးသူတွေကတော့

  • အသက်ကြီးတဲ့သူတွေ – အသက်ကြီးလာတဲ့အခါ အားနညး်သွားတဲ့ ကြွက်သားတွေကြောင့် stress incontinence ဖြစ်နိုင်ပါတယ်။
  • မီးဖွားထားတဲ့ မိခင်တွေ – ခွဲမွေးတဲ့သူတွေထက်စရာ ရိုးရိုးမီးဖွားထားတဲ့ မိခင်တွေကပိုပြီး ဆီးမထိန်းနိုင်တဲ့ ပြဿနာပိုဖြစ်နိုင်ပါတယ်။ ရိုးရိုးမွေးတဲ့သူတွေထဲကမှ ညှက်ဆွဲမွေးပြီး မီးဖွားထားရတဲ့ အမျိုးသမီးတွေက stress incontinence ပိုဖြစ်နိုင်ပါတယ်။
  • အဝလွန်တဲ့အမျိုးသမီးတွေ – အဝလွန်တဲ့အခါ ဗိုက်နဲ့ တင်ပဆုံတစ်ဝိုက်က ကြွက်သားတွေအပေါ် အားသက်ရောက်သလိုဖြစ်တာကြောင့် stress incontinence ပိုဖြစ်နိုင်ပါတယ်။
  • Previous pelvic surgery – တင်ပဆုံပတ်လည် ခွဲစိတ်မှုလုပ်ထားတဲ့အခါ အထူးသဖြင့် ဆီးကျိတ်ခွဲစိတ်မှု လုပ်တဲ့အချိန်တွေမှာရှုံ့ ကြွက်သားတွေကို သွားထိခိုက်မိတာကြောင့် stress incontinence ပြဿနာဖြစ်တတ်ပါတယ်။

stress incontinence ဖြစ်ရင် နောက်ဆက်တွဲ ဆက်ဖြစ်နိုင်တာတွေကတော့

  • နေ့စဉ် လှုပ်ရှားမှုလုပ်နေတဲ့ အလုပ်တွေ ပျက်ကွက်သွားမယ်
  • ဆီးမထိန်းနိုင်ြဖစ်နေတာကြောင့် လူကြားထဲ မတိုးဝံ့ဘူး
  • Mixed urinary incontinence တွေဆက်ဖြစ်နိုင်ပါတယ်။ stress incontinence ဖြစ်ပြီဆိုတာနဲ့ နောက်ပိုင်း urge incontinence လို့ခေါ်တဲ့ ဆီးသွားချင်တာနဲ့ ဆီးထွက်ကျတာ စတဲ့ ပြဿနာတွေလည်း ဆက်ဖြစ်နို်င်ပါသေးတယ်။
  • အရေပြားလောက်ခြင်း – ဆီးဆိုတာ အက်ဆစ်ဓာတ်များတဲ့ စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်တာကြောင့် ဆီးမထိန်းနို်င်တဲ့အခါ အရေပြားနဲ့ ဆီးတစ်ချိန်လုံးထိနေတတ်ပြီး ဆီးလောင်တဲ့ ပြဿနာတွေ ဆက်ဖြစ်နိုင်ပါတယ် ။ ။

ကုသမှု

ကုသမှု အနေနဲ့ကတော့ ဒီ stress incontinence ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို အရင်းတည်ကုသတာနဲ့ ကိုယ့်ရဲ့လူနေမှုပုံစံလေးကို လိုက်ပြောင်းပေးရမှာ ဆိုပြီး ၂ မျိုးရှိပါတယ်။

  • Pelvic floor muscle exercises – Kegel exercises လို့လည်း ခေါ်ကြတဲ့ pelvic floor muscles တင်ပဆုံ အရိုးကြွင်း ကြွက်သားတွေကို အားကောင်းအောင် ပြန်လုပ်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း အတွက်ကတော့ ကျွမ်းကျင်ဆရာဝန်တွေသင်ပြတဲ့အတိုင်း လိုက်လုပ်ရမှာ ဖြစ်ပါတယ်။
  • ကိုယ်သောက်တဲ့ ရေ၊ အရည်ပမာဏကိုတွက်ချက်ပါ။ နေ့နဲ့ညဘက် ဘယ်အချိန်မှာတော့ ရေပမာဏ ဘယ်လောက်သောက်လို့ရလဲဆိုတာ ဆရာဝန်ကို သေချာမေးပြီး ဆရာဝန် ညွန်ကြားတဲ့အတိုင်းသောက်ပါ။ အရည်တွေထဲမှာဆို ကော်ဖီနဲ့ အရက်ကိုတော့ ရှောင်ရပါမယ်။
  • ဆေးလိပ်ဖြတ်ပါ၊ ကိုယ်အလေးချိန်တက်နေရင် ဝိတ်ကျအောင်လုပ်ပါ။ ချောင်းဆိုးနေတဲ့ ပြဿနာကို သေချာ အမြစ်ပြတ်အောင်ကုသပါ။
  • ဆီးအိမ်ကိုလေ့ကျင့်ပေးပါ။ stress incontinence အပြင် urge incontinence ပါတွဲနေတဲ့ ပြဿနာတွေမှာ ဆို ဆီးသွားချင်တိုင်းမသွားဘဲ ခဏလောက်ချုပ်ထားတာမျိုးလေးတွေ ကျင့်ကျင့်ပေးရပါမယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly