မင်းဘူး ဧရာဝတီတံတားအနီး မြေပြိုမှု လေးဦးဒဏ်ရာရ

မင်းဘူး ဧရာဝတီတံတားအနီး မြေပြိုမှု လေးဦးဒဏ်ရာရ
(ဓာတ်ပုံ-ဝိုင်းအောင်)

မကွေး၊ အောက်တိုဘာ ၁၅ ။           ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ဧရာဝတီတံတား(မကွေး) Toll Gate အနီးမင်းဘူးမှ မကွေးဆိုင်ကယ် သွားလမ်းအရှေ့ဘက်ရှိ တောင်ကမ်းပါးယံပြိုကျမှု အောက်တိုဘာ ၁၅ရက်က ဖြစ်ပွားခဲ့ပြီး အမျိုးသမီးလေးဦး ပိမိကာ ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက်မရှိဟု သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ(၁၅)ရက် နံနက် ၁၀နာရီ ၁၅မိနစ်က မင်းဘူးဘက်မှ မကွေးမြို့သို့ လာသည့် ဆိုင်ကယ် နှစ်စင်းသည် ဧရာဝတီတံတား(မကွေး)တွင် ဆိုင်ကယ်ဖြတ်သန်းခ ပေးဆောင်အပြီး ဖြတ်သန်းစဉ် လမ်းအရှေ့ဘက်ရှိ တောင်ကမ်းပါးယံမြေသာနှင့် ကျောက်တုံးများ ပြိုကျလာပြီး ဆိုင်ကယ်နှင့်အတူ မြေပိမိခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်အား အနီးရှိ Toll Gate တွင် တာဝန်ကျ ဝန်ထမ်းများနှင့် ခရီးသွားများက အမြန် ကယ်ဆယ်ခဲ့သဖြင့် အမျိုးသမီး(၂)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ အရေးပေါ်ဆေးကုဆေင်သို့ ပေးဆောင်ပေးခဲ့သည်။

ကျန်နှစ်ဦးကိုလည်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် ဦးဆောင်သည့် ကယ်ဆယ်ရေးအဖွဲ့များမှ ဘက်ဟိုးကားကြီး ငါးစီး၊ မြေထိုးစက် နှစ်စီး၊ မြေသယ်ယာဉ် သုံးစီးဖြင့် ကယ်ဆယ်ကာ မင်းဘူးခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျက်ရှိသည်။

မြေပိမှုဖြစ်စဉ်ကြောင့် ကောလဟလ သတင်းများ ထွက်နေသကဲ့သို့ လူအသေအပျောက် မရှိပေ။

ဒဏ်ရာရရှိသူများသည် စကုမြို့ အမှတ် (၂)ရပ်ကွက်မှ မသွယ်သွယ်၊ မသက်သက်နွယ်တို့နှင့် မင်းဘူးမြို့ ရွာသာယာကျေးရွာမှ ဒေါ်စန္ဒာဦး နှင့် မထက်ထက်တို့ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly