Xiong နှင့် Lee တို့၏ တကျော့ပြန်ယှဉ်ပြိုင်မှုအပေါ် Miesha Tate ၏ အမြင်

Xiong နှင့် Lee တို့၏ တကျော့ပြန်ယှဉ်ပြိုင်မှုအပေါ် Miesha Tate ၏ အမြင်

၂၀၁၉ ခုနှစ်၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး အမျိုးသမီး ချန်ပီယံ ခါးပတ်လုပွဲကို ရွေးချယ်ရမည်ဆိုလျင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပခဲ့သော ONE:A NEW ERA ပြိုင်ပွဲ၏ တွဲဆိုင်းတစ်ဆိုင်းဖြစ်သော “Unstoppable” Angela Lee နှင့် “The Panda” Xiong Jing Nan တို့ပွဲကို အားလုံးက ရွေးချယ်ကြပေလိမ့်မည်။ အကယ်၍ ၄င်းတို့၏ ပထမဆုံးတွေ့ဆုံမှုအပေါ် စိတ်လှုပ်ရှားမှု အပြည့်အဝ မရခဲ့သူများအနေဖြင့် တကျော့ပြန် ထိုးသတ်ကြမည့် ONE: CENTURY PART I ကို စောင့်ဆိုင်းနေကြရသည်မှာ စိတ်မရှည်ဖွယ်ပင် ဖြစ်နေနိုင်သည်။

ONE Championship အမျိုးသမီး စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် Xiong ကိုစိန်ခေါ်ရန် Angela Lee သည် ပြီးခဲ့သော မတ်လအတွင်း ဝိတ်တန်းတက်ခဲ့သည်။ ယင်းပြိုင်ပွဲ၌ အခြေမလှခဲ့သော်လည်း Angela Lee သည် ငါးချီစလုံးတွင် အသည်းမာကြောင်း ပြသသွားနိုင်ခဲ့သည်။ ယင်း ပြိုင်ပွဲတွင် Lee သည် ၄င်း၏စွမ်းရည်ကို အံ့မခန်းပြသခဲ့သည်။ ထို့ကြောင့် ONE အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာတွင်လည်း Lee သည် အလားတူစွမ်းဆောင်ရည်မျိုးကို ပြသမည်ဖြစ်ကြောင်း ယုံကြည်ထားနိုင်သည်။

ယခုပွဲ ယှဉ်ပြိုင်မှုအပေါ် ဆာလောင်မွတ်သိပ်မှု မီးတောက်များ Angela Lee တွင် တောက်လောင်နေမည်ဖြစ်ကြောင်း UFC အမျိုးသမီး ဘန်တန်ဝိတ်တန်း ချန်ပီယံဟောင်း Miesha Tate စိတ်ကူးကြည့်မိသည်။ ၄င်းအနေဖြင့် မကြာသေးခင်က ရှုံးနိမ့်မှုကို ပြန်အဖက်ဆယ်ရန် ရှုံးပွဲမရှိသော မိမိဝိတ်တန်း၌ အခွင့်အလမ်းရှိနေကြောင်း Angela Lee က ယုံကြည်လျက်ရှိသည်။

အခြားတစ်ဖက်တွင်လည်း Xiong သည် ၄င်း၏ပြိ်ုင်ပွဲအလုံးစုံ၌ ပြိုင်ဘက်ကင်းကြောင်း သက်သေထူနိုင်ရန် ဆန္ဒပြင်းပြနေသည်။ ကမ္ဘာ့ အကောင်းဆုံးများတွင် တစ်ဦးအပါအဝင်ဖြစ်နေသည့်တိုင် အကောင်းဆုံးဖြစ်ကြောင်း ထပ်မံသက်သေထူရန် ဆန္ဒပြင်းပြနေသည်မှာ ထူး ဆန်းကောင်းထူးဆန်းနေနိုင်သည်။

တရုတ်နိုင်ငံ၏ ကိုယ်ခံပညာ အားကစားလောကကို ကြီးကြီးမားမားလွှမ်းမိုးထားသူများတွင် Xiong သည် တစ်ဦးအပါအဝင်ဖြစ်သည်။ ကိုယ်တိုင် ကမ္ဘာ့ချန်ပီယံဖြစ်နေသည့်တိုင် အကောင်းဆုံးဖြစ်ရန် ထပ်မံကြိုးစားလို စိတ်ပြင်းပြထန်သန်မှုမှာ Xiong ကို လိုက်မီသူရှားပါလိမ့်မည်။ အားကစားသမားဘဝတွင် များစွာအောင်မြင်မှုရရှိနှင့်ပြီးဖြစ်သော်လည်း ယခုကဲ့သို့ ပြင်းထန်ခိုင်မာသော စိတ်ဓါတ်ပိုင်ရှင်မျိုးကိုမြင်ရသည်မှာ များစွာနှစ်သက်သဘောကျဖွယ်ဖြစ်သည်။

ပြိုင်ပွဲဝင်အားကစားများစွာသည် မိမိတို့အတွက် သက်သောင့်သက်သာရှိသော အခြေအနေ၌ နေမြဲနေလိုတတ်ကြသည်။ မိမိ၏ဝိတ်တန်းတွင်သာယှဉ်ပြိုင်တက်ကြသည်။ သို့သော် Xiong မှာ ထိုကဲ့သို့မဟုတ်ပေ။ ၄င်းသည် ပိုမိုကောင်းမွန်သော အားကစားမယ်ဖြစ်ကြောင်း အကောင်းဆုံးဆိုသည့်ပြိုင်ဘက်နှင့်ယှဉ်ပြိုင်ကာ သက်သေပြလိုသည်။

ပြီးခဲ့သော မတ်လပြိုင်ပွဲနောက်ပိုင်းမှစ၍ Xiong သည် ပြိုင်ပွဲဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။ အခြားတဖက်၌ Lee သည် ၄င်း၏စွမ်းရည်ကို စမ်း သပ်ရန် စတောဝိတ်တန်း၌ Michelle Nicolini ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ပြီးခဲ့သော ဇူလိုင်လအတွင်းက ထိုးသတ်ယှဉ်ပြိုင်ခဲ့သည်။

ဤအကြိမ်တွင်လည်း ဘရာဇီးဂျုဂျစ်ဆု ၈ထပ်ကွမ်းကို ယှဉ်ပြိုင်ခဲ့သည့် ရလဒ်မှာ Lee မျှော်မှန်းထားသကဲ့သို့ မဖြစ်ခဲ့ပေ။ သို့သော်လည်း ရှုံးပွဲမရှိသေးသော ၄င်း၏ဝိတ်တန်းသို့ ပြန်ဆင်းရန် မောင်းနှင်အားများကို Lee အနေဖြင့် အဆိုပါယှဉ်ပြိုင်မှုက ရရှိခဲ့သည်။

ပြိုင်ဘက် Nicolini ကို ယှဉ်ပြိုင်ရာမှ သင်ခန်းစာများစွာကို Lee ရရှိခဲ့သည်။ Lee အတွက် ခက်ခဲသောပွဲတစ်ပွဲဖြစ်ခဲ့ပြီး ၄င်း၏ကစားသမား သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လုံးထွေးသတ်ပုတ်မှုကို ရှောင်ကစားရသည့် ပွဲတပွဲဖြစ်လာခဲ့သည်။ Nicoliniသည် ပြီးပြည့်စုံသော မဟာဗျုဟာကို အသုံးချနိုင်ခဲ့သည်။

ကံကောင်းသည့်အချက်မှာ လွန်ခဲ့သောနှစ်အနည်းငယ်က ONE Championship သို့မရောက်မီ ၄င်းတို့နှစ်ဦးစလုံးကို လုံးထွေးသတ်ပုတ် ယှဉ်ပြိုင်ရန် အခွင့်အရေး ရရှိခဲ့ခြင်းဖြစ်သည်။ယှဉ်ပြိုင်မှု အတွေ့အကြုံအဖြစ် ကောက်ချက်ချနိုင်သည်မှာ ၄င်းတို့နှစ်ဦးစလုံးသည် မတူကွဲပြားသော လုံထွေးသတ်ပုတ်မှု စတိုင်လ်ရှိပြီး နည်းစနည်းများကွဲပြားသကဲ့သို့ ထိရောက်ပြင်းထန်မှုလည်း ရှိသည်။

မြေပြင်တွင် ထိခိုက်မှုကိုရှောင်လွှဲနိုင်သော Nicolini ၏စွမ်းရည်ကို ကျွန်မလေးစားမိသည်။သို့သော်စတိုင်လ်အရပြောရလျင် Lee အတွက် ကြီးမားသောစိန်ခေါ်မှုဖြစ်ခဲ့သည်။ သေချာသည်မှာ မည်သည့်နေရာ၌အားနည်းချက်ရှိနေသည်ကို Lee သိမြင်သဘောပေါက်ခဲ့သည်။

Lee ကို နည်းပြပေးနေသည့် အားကိုးလောက်သောမိသားစုရှိသည်။ ၄င်းမိသားစုဝင်များမှာလည်း ကိုယ်ခံပညာအားကစားသမားများ ပင်ဖြစ်သည်။ သူတို့အနေဖြင့် Lee ၏ စွမ်းဆောင်မှုကို လေ့လာအကဲဖြတ်ကြမည်မှာ မလွဲပေ။ ထို့ကြောင့် Lee အတွက် များစွာ အထောက်အကူဖြစ်စေမည်မှာ သေချာသည်။ ယင်းဖြစ်စဉ်များက Lee အတွက် အကြီးမားဆုံးတိုးတက်ဖွံ့ဖြိုးမှုများတွင် တစ်ခုပါအဝင် ဖြစ်လာမည်မှာ မလွဲပေ။

Lee သည် မည်သည့်အခါတုန်းကမျှ မကြုံတွေ့ခဲ့ဖူးသော ၄င်း၏စွမ်းဆောင်ရည်ကို မြင်တွေ့ခွင့်ရမည်ဟု ကျွန်မထင်မြင်မိသည်။ ကျွန်မ လည်း Ronda Rousey နှင့် ယှဉ်ပြိုင်ခဲ့စဉ်က ထိုကဲ့သို့ ကြုံတွေ့ခဲ့ရဖူးပါသည်။ ကစားသမားသက်တမ်းတစ်လျှောက်လုံးနီးပါးကို ကျွန်မ သက်သောင့်သက်သာဖြင့် ဖြတ်သန်းနိုင်ခဲ့သည်။ သို့သော် Rouseyနှင့်ယှဉ်ပြိုင်ရစဉ် ကျွန်မ၏စတိုင်လ်တစ်ခုလုံးကို ပြင်ဆင်ခဲ့ရသည်။ Lee သည်လည်း ထိုကဲ့သို့ ကြုံမည်ဟု ကျွန်မတွေးမိသည်။

Nicolini နှင့် ယှဉ်ပြိုင်ခဲ့သောပွဲစဉ်ထက် Lee ပိုကောင်းလာမည်ကို ကျွန်မ တပ်အပ်ပြောရဲသည်။ ထို့အပြင် Xiong နှင့် ယှဉ်ပြိုင်စဉ်က ထက်လည်း Lee ကိုကောင်းလာမည်မှာ သေချာနေသည်။ ပြိုင်ပွဲအတွင်း မည်သည့်အမှားကိုမျှ Lee မလုပ်ခဲ့ပေ။ ထို့အပြင် Xiong ကို အကျပ်ရိုက်စေခဲ့သောအခါမျိုးပင် ရှိခဲ့သည်။ တစ်ကြိမ်တွင် အပိုင်အနိုင်ချုပ်ကိုင်နိုင်ခဲ့ပြီး Leeအနေဖြင့် ပြိုင်ဘက်ကို ပွဲသိမ်းလိုက်နိုင်ပြီ ဟုပင် လူတိုင်းထင်မြင်ခဲ့ကြရသည်။

ထို့ကြောင့် ကျွန်မ၏သုံးသပ်ချက်နောက်ဆုံးအပိုင်းမှာ Xiong ၏ စိတ်ဓါတ်ခိုင်မာမှုနှင့်သတ္တိကို ဖော်ပြရန်ဖြစ်လာခဲ့ရသည်။

Xiong သည် စိတ်ဓါတ်ပြတ်သားခိုင်မာမှုဖြင့် တည်ဆောက်ထားသူဖြစ်သည်။သံမဏိစိတ်ဓါတ်ပိုင်ရှင်ဖြစ်ပြီး Xiong သည် ဆုံးဖြတ် ချက်ခိုင်မာသည်။ ၄င်းသည် စံပြုလောက်စရာ ကမ္ဘာ့ချန်ပီယံလည်း ဖြစ်သည်။

Lee နှင့် ပြိုင်ပွဲတွင် အရှုံးပေးရလုနီးပါးအခြေအနေမှ နောက်ဆုံးအချီအထိယှဉ်ပြိုင်ကာ အနိုင်ယူနိုင်ခဲ့ခြင်းသည် Xiong ၏ ချန်ပီယံ စိတ်ဓါတ်ကို ပိုမိုတောက်ပစွာဖော်ကျုးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ နောက်ဆုံးအချီ၌ ပြင်းထန်အားပါသောတိုက်ကွက်များထုတ်သုံးကာ အနိုင် ယူနိုင်ခဲ့ခြင်းသည် Xiong ၏ ထူးခြားပြောက်မြောက်သော ကမ္ဘာ့ချန်ပီယံစိတ်ဓါတ်ကို ဖော်ပြသွားခဲ့ခြင်းဖြစ်သည်။နောက်ဆုံးအချီအထိ အလဲထိုးနိုင်စွမ်းကို မည်သို့ထိန်းသိမ်းထားသည်ကို ကျွန်မ မပြောနိုင်ပါ။ နောက်ဆုံးအချီ၌ ပေါက်ကွဲနိုင်စွမ်းနှင့် စွမ်းအင်ကို ဆက်လက် ထိန်းသိမ်းထားရန် အလွန်ခက်ခဲပါသည်။ သို့သော်နောက်ဆုံးအချီစွမ်းဆောင်မှုက Xiong အနေဖြင့် မည်မျှလေ့ကျင့်ထားသည်ကိုဖော်ပြ နိုင်သည့်အချက်လည်း ဖြစ်ပါသည်။

Xiong သည် နေ့စဉ် အပြင်းအထန်လေ့ကျင့်သည်။ ကောင်းစွာပြင်ဆင်ထားခဲ့သည်။ မိမိကဲ့သို့ပင် Leeသည်လည်း ခိုင်မာသောစိတ်ဓါတ် ကို ပိုင်ဆိုင်ထားကြောင်း Xiong သိသည်။Lee ကို မည်သည့်နည်းနှင့်မျှလျော့မတွက်သင့်ပေ။ အချီတိုင်းတွင် အန္တရာယ်ပေးနိုင်သည့်ပြိုင် ဘက်ဖြစ်သည်။ သို့သော်လည်း Xiong ကို အဆုံးစွန်ဆုံးအထိ ကန့်သတ်ချက်မဲ့ စိန်ခေါ်ရန် အသင့်ရှိနေခဲ့သည်။

ONE: CENTURY PART I ပြိုင်ပွဲ၌ တကျော့ပြန်ထိုးသတ်ယှဉ်ပြိုင်မှုအပေါ် မေးခွန်းထုတ်ရန်များစွာရှိနေသည်။ အခွင့်အလမ်းရလာသည် နှင့် မည်သူက အသာစီးရယူသွားမည်စသဖြင့် မေးခွန်းများစွာရှိနေသည်။ Xiong က မတ်တပ်ရပ်ယှဉ်ပြိုင်ပွဲကို ထိန်းထားနိုင်မည်လား။ သို့မဟုတ် စတောဝိတ်တန်းဘုရင်မကို Lee က မြေကြီးပေါ်ဆွဲလှဲချနိုင်မည်လား စသဖြင့် စိတ်ဝင်စားဖွယ်မေးခွန်းများရှိနေသည်။

ပထမအကြိမ်ယှဉ်ပြိုင်မှုတွင် Leeသည် ဝိတ်တန်းတက်ထိုးခဲ့ရခြင်းကြောင့် မည်သို့ဖြစ်မည်ကို ခန့်မှန်းခဲ့ကြသည်။ယခုအကြိမ်တွင်မူ အက် တမ် ဝိတ်တန်းကို ဝိတ်တန်းဆင်းယှဉ်ပြိုင်ရခြင်းကြောင့် Xiong မည်သို့ပြောင်းလဲမည်မှာ စိတ်ဝင်စားဖွယ်ဖြစ်နေသည်။

ပထမပွဲစဉ်ကိုလည်း ကျွန်မ လွန်စွာစိတ်ဝင်စားခဲ့သည်။ ထို့အတူ တကျော့ပြန်ယှဉ်ပြိုင်မှုကိုလည်း များစွာစိတ်လှုပ်ရှားမိသည်။ အကယ်၍ ယခုပွဲစဉ်၌ Lee သာ အနိုင်ရခဲ့ပါက ဤပြိုင်ဆိုင်မှုတွင် မည်သူအသာစီးယူနိုင်မည်ကို ကျွန်မတို့ စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်ကြရမည် ဖြစ်သည်။

၄င်းတို့နှစ်ဦး ထိပ်တိုက်ဆုံတွေ့ချိန်၌ မည်သို့ဖြစ်မည်ကို ကျွန်မ မခန့်မှန်းနိုင်ပါ။ သို့သော် မည်သည့်ဝိတ်တန်းတွင် ထိုးသတ်သည်ဖြစ်ပါစေ စိတ်လှုပ်ရှားစွာဖြင့် အားပေးကြည့်ရှုမည်မှာ သေချာသည်။

Miesha Tate သည် ONE Championship၏ ဒုဥက္ကဋ္ဌဖြစ်သည်။ ၄င်းသည် ကိုယ်ခံပညာသိုင်းပေါင်းစုံကမ္ဘာ့ချန်ပီယံဘွဲ့များစွာကို သိမ်း ပိုက်ထားသူတစ်ဦးဖြစ်ပြီး အမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံအားစကားလောက၏ ရှေ့ဆောင်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ Miesha Tate ၏ သုံးသပ်ချက်များကို အပတ်စဉ်ဖော်ပြသွားမည်ဖြစ်သည်။

ONE: CENTURY သည် သမိုင်းတစ်လျှောက်အထူးခြားဆုံး ကိုယ်ခံပညာအားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးဖြစ်ပြီး ကိုယ်ခံပညာအားက စားအသီးသီးမှ ကမ္ဘာ့ချန်ပီယံပေါင်း ၂၈ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ နှစ်ပွဲကို တစ်ရက် တည်းကျင်းပသည်ဟူ၍ မရှိဖူးသေးပါ။

ONE Championship သည် ကမ္ဘာ့ချန်ပီယံဘွဲ့ပြိုင်ပွဲပေါင်းစုံကို တစ်ရက်တည်း၌ ကျင်းပယှဉ်ပြိုင်စေခြင်းဖြင့် နယ်ပယ်အသစ်တစ်ခုကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁၃ရက်၌ ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံ တွင် ကမ္ဘာ့ဂရင်းပရီချန်ပီယံရှစ်ဗိုလ်လုပွဲသုံးပွဲ၊ ကမ္ဘာ့ချန်ပီယံချင်းယှဉ်ပြိုင်မည့်ပွဲများစွာပါဝင် ကျင်းပသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly