ရော်နယ်လ်ဒို မတက်ရောက်ခဲ့တဲ့ မီလန်အခမ်းအနားမှာ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးခဲ့တဲ့ မက်ဆီ

25 September 2019
ရော်နယ်လ်ဒို မတက်ရောက်ခဲ့တဲ့ မီလန်အခမ်းအနားမှာ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ တနင်္လာနေ့က အီတလီနိုင်ငံ၊ မီလန်မြို့ရဲ့ အထင်ကရ La Scala Opera House မှာ ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်လာခြင်းမရှိခဲ့တဲ့ ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကျော်ဖြတ်ပြီး ဖီဖာရဲ့ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီရဲ့အောင်မြင်မှုက ပြီးခဲ့တဲ့ ရာသီက လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပြီးနောက် သြဂုတ်လက ဥရောပအကောင်းဆုံးဆုရရှိခဲ့တဲ့ ဗန်ဒိုက်ကို ကျော်ဖြတ်ပြနိုင်ခဲ့တာကတော့ အံ့အားသင့်စရာကောင်းခဲ့ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60775

တင်ဆက် - ဆက်ဝေယံနိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly