နိုင်ငံပေါင်း ၂၀ ပါဝင်မည့် ရော်ဘာညီလာခံတစ်ခု ပြုလုပ်မည်

နိုင်ငံပေါင်း ၂၀ ပါဝင်မည့် ရော်ဘာညီလာခံတစ်ခု ပြုလုပ်မည်

ရန်ကုန်။ စက်တင်ဘာ ၂၄ ။          ။ နိုင်ငံပေါင်း၂ဝကျော်ပါဝင်မည့် အပြည်ပြည်ဆိုင်ရာ ရော်ဘာညီလာခံတစ်ခုကို  မြန်မာနိုင်ငံတွင်ပထမဆုံး အ ကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ညီလာခံကျင်းပမှုအတွက် အကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂၄ရက်နေ့ကရန်ကုန်မြို့ရှိ ကုန်သည် စက်မှုအသင်းချုပ်၏ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရုံးတွင် ပြုလုပ်ခဲ့သည်။

"  ဒီညီလာခံကြီး လုပ်တဲ့ရည်ရွယ်ချက်က ကျွန်တော်တို့ရော်ဘာသမားတွေရဲ့ မျက်စိကို ဖွင့်ပေးခြင်းပဲ ဖြစ်ပါ တယ်။  ပညာရှင်တွေပဲ သုသေတနစာတမ်းတွေကိုနားထောင်သင့်တာမဟုတ်ပါဘူး။ ခြံရှင်တွေလည်း သုတေသနစာတမ်းတွေကို နားထောင်သင့်တယ်လို့ကျွန်တော်တို့က ယူဆပါတယ်" ဟု မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးက ဆိုသည်။

အဆိုပါညီလာခံတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း၂ဝမှ ရော်ဘာပညာရှင်များက သုတေသန စာတမ်းများ ဖတ်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ပြီး ညီလာခံကိုပြည်တွင်းမှ ရော်ဘာ ထုတ်လုပ်သူများ ရေရှည်တည်တံ့၍ ခိုင်မာ သောနိုင်ငံတကာပေါက်စျေး ရရှိနိုင်ရန်နှင့်ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးခြံ၊ စက်ရုံများ ခိုင်ခိုင်မာမာ ပေါ်ပေါက်လာစေရေး အတွက် ရှေ့ရူ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

"နိုင်ငံအလိုက် ထုတ်ထားတဲ့မျိုးတွေ၊   ဒီမျိုးတွေရဲ့ အားနည်းချက်၊ အားသာချက် ၊အထွက်နှုန်း ဒါတွေကို ဖတ်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီမှာစိုက်တဲ့မျိုးတွေကဘယ်မျိုးက ဆက်စိုက်သင့်တယ်။ မစိုက် သင့်ဘူး ဆိုတဲ့ ၊ အသိတွေရမယ်။   ဖတ်မဲ့စာတမ်းတွေက စနစ်တကျ ရာဘာခြံ ထိန်းသိမ်းမှုတို့၊ အစေးထုတ်မှုတို့ စသဖြင့်ပေါ့၊ ဒါတွေပါမယ်" ဟု မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က ဆိုသည်။

ညီလာခံကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းကာ လာမည့်နိုဝင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာ (၁) ရက်နေ့အထိ နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly