"ကျုံးလက်ရန်းပေါ် အဝတ်များလှန်းသည့်ကိစ္စ ခံဝန်ထိုး သတိပေး"

"ကျုံးလက်ရန်းပေါ် အဝတ်များလှန်းသည့်ကိစ္စ ခံဝန်ထိုး သတိပေး"
(ဓာတ်ပုံ-လူမှုကွန်ယက်)

မန္တလေး၊ စက်တင်ဘာ ၂၄ ။          ။ မန္တလေးမြို့ ၂၆ လမ်း၊ ၇၅ လမ်း နှင့် ၇၆ လမ်းကြားရှိ ကျုံးလက်ရန်းပေါ်တွင် ထဘီနှင့် အဝတ်များ လှန်းသည့်ကိစ္စနှင့် ပတ်သက်၍ပြုလုပ်သူများအား ခံဝန်ထိုး၍ သတိပေးထားပြီးဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က မဇ္ဈိမကိုပြောသည်။

"ဒီလို နောက်မလုပ်ဖို့ ခံဝန်ထိုးပြီး သတိပေးပြီးပါပြီဗျ။ ဒီကိစ္စမှာ ချက်ချင်းသိဆိုတော့ ချက်ချင်း သက်ဆိုင်တဲ့သူတွေက သတိပေးတာဆိုတော့ နောက်ပြီး ဒီကိစ္စက online ပေါ် ပြန့်သွားတာဆိုတော့ အများပြည်သူသိသွားတယ်။ သိသွားတော့ နောက်တော့ လုပ်လိမ့်မယ် မထင်ပါဘူး" ဟု ဦးကျော်ဆန်းမြင့်ကပြောသည်။

ကျုံးလက်ရန်းပေါ်တွင် ထဘီ၊ စကပ် နှင့် အဝတ်များကို စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက လှန်း ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများရှိသည့်အတွက် ပြုလုပ်သူ များဖြစ်သည့် ဦးကိုကိုလတ် အပါအဝင် (၄) ဦးကို ဖော်ထုတ်ကာ ခေါ်ယူပြီး ခံဝန်လက်မှတ် ထိုးခိုင်းခြင်းဖြစ်သည်။

ကျုံးတောင်ဘက်တွင် ပလပ်ဖောင်းများ အဆင့်မြှင့်တင်ခြင်းနှင့် အကာအရန် စတီးလက်ရန်းများ တပ်ခြင်းကို ဖေဖော်ဝါရီလထဲက ပြုလုပ်ခဲ့ပြီး ငွေကျပ်သိန်း ၄၀၀၀ အကုန်အကျခံက မန္တလေးမြို့ တော်စည်ပင် သာယာရေးကော်မတီကော်မတီ က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ကျုံးမြို့ရိုးတောင်ဘက်တွင် လုပ်ဆောင်မည့် မန်းသီတာဥယျာဉ်အတွက် ဘတ်ဂျက်ငွေ ကျပ်သိန်း ၃၄၅၀ ရရှိခဲ့ပြီး ထိုမန်းသီတာဥယျာဉ်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က လုပ်ဆောင်သွားမည် ဖြစ်သည့်အတွက် ဘတ်ဂျက်များကို ကျုံးလက်ရန်းများ လဲလှယ်ခြင်းနှင့် ပလပ်ဖောင်းများ အဆင့်မြှင့် တင်ခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly