ဆယ်ကျော်သက်သမီးငယ် အားပြည့်နေစေဖို့ ကျွေးပေးသင့်တဲ့ ဖြည့်စွက်အာဟာရများ

ဆယ်ကျော်သက်သမီးငယ် အားပြည့်နေစေဖို့ ကျွေးပေးသင့်တဲ့ ဖြည့်စွက်အာဟာရများ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကိုယ့်ရဲ့ သမီးလေးကို အမြဲတက်ကြွလန်းဆန်းတာပဲ မြင်ချင်တဲ့ မေမေတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သမီးကို အမြဲတက်ကြွလန်းဆန်းစေချင်တယ်ဆိုတဲ့ မေမေတို့သိချင်နေတာတွေကို အကောင်းဆုံး အဖြေထုတ်ပေးနိုင်မှာပါ။
အားအင်ပြည့်ဖို့ လိုက်နာရမယ့်အချက်

နေ့ရက်တိုင်းမှာ ခွန်အားပြည့်ပြီးလိုက်နာနေဖို့လိုအပ်တဲ့ အခြေခံအချက်လေးတွေရှိပါတယ်။ ဒါကတော့ တစ်နေ့ကို သုံးနပ်ပုံမှန်စားပေးဖို့ပါ။ စားပေးတဲ့ သုံးနပ်က အချိန်မှန်ဖို့လိုသလို အာဟာရပြည့်မီဖို့လည်း လိုပါမယ်။ ပြီးရင် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ရေဓာတ်ပြည့်မီအောင်ဖြည့်ဖို့ပါ။ နောက်ဆုံးတစ်ချက်ကတော့ ပြည့်ဝတဲ့ အိပ်စက်အနားယူချိန်ပေါ့။ ဒီအချက်တွေ အကုန်လုံးပြည့်မီသွားပြီဆိုရင်တော့ ခန္ဓာကိုယ်က အားအင်ပြည့်နေမယ်ဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူး။
အပျိုဖော်ဝင်စ သမီးငယ်လေး အားအင်ပြည့်နေစေဖို့ လိုအပ်မယ့် အာဟာရဓာတ်တွေ

မိန်းကလေးတစ်ယောက် အပျိုဖော်ဝင်လာပြီဆိုရင် လိုအပ်မယ့် အာဟာရဓာတ်တွေက ပိုများလာပါပြီ။ အရင်ကထက် နှစ်ဆလောက်အဟာရဓာတ်တွေဖြည့်ပေးနိုင်မှ ခန္ဓာကိုယ် အားပြည့်ဖို့အတွက်ရော ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ် အနေအထားအတွက် အာဟာရလိုအပ်ချက်တွေ ပြည့်မီစေမှာပါ။ ဒီတော့ သတိထားပြီး သမီးလေးအတွက် ဒီအာဟာရဓာတ်တွေပြည့်မီအောင် ဖြည့်ပေးပါလို့အကြံပြုပါရစေနော်။
ပရိုတင်း

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ အင်အားပြည့်နေစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ကြွက်သားတွေကြီးထွားဖို့အတွက်လိုအပ်သလို ဖွံ့ဖြိုးစ ဆယ်ကျော်သက်အရွယ်မှာ ညှက်တာမျိုး ဖွံ့ဖြိုးမှုအားနည်းတာမျိုး မဖြစ်ဖို့အတွက်လည်း လိုအပ်ပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ မေ့ထားလို့မဖြစ်တဲ့ အာဟာရတစ်မျိုးပါ။ အနီရောင်အသား၊ ကြက်သား၊ ငါး၊ ဥအမျိုးမျိုး၊ အခွံမာသီးတွေ။ ပဲအမျိုးမျိုးတို့ကနေ ရရှိနိုင်ပါတယ်။
သံဓာတ်

ခန္ဓာကိုယ် အင်အားပြည့်နေစေဖို့ သွေးအားနည်းရောဂါ ကာကွယ်ဖို့အတွက်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ သွေးနီဥဆဲလ်တွေကိုကျန်းမာစေပြီး အပျိုဖော်ဝင်စ သမီးငယ်လေးတွေ အမြဲတက်ကြွလန်းဆန်းနေစေဖို့ လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ အသည်း၊ အနီရောင်အသား၊ ငါး၊ ဟင်းနုနွယ်တို့ကနေရရှိနိုင်ပါတယ်။ အခွံမာသီးတွေ၊ အစေ့အဆန်တွေကနေလည်း ရရှိနိုင်ပါတယ်။

ကာဗိုဟိုက်ဒရိတ်

ဦးနှောက်နဲ့ကြွက်သားအတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပေါ့။ ပင်ပန်းမှုမရှိစေဘဲ ခန္ဓာကိုယ်ကို တက်ကြွလန်းဆန်းနေစေမှာပါ။ တစ်နေ့မှာ စားသမျှအနပ်တိုင်းမှာ ကာဗိုဟိုက်ဒရိတ်ပါသင့်ပါတယ်။ ဒါမှ ခန္ဓာကိုယ်က ကျန်းမာပြီး တက်ကြွလန်းဆန်းနေမှောပါ။ ထမင်း၊ ပေါင်မုန့်၊ကွေကာအုတ်တို့ကနေ ကာဗိုဟိုက်ဒရိတ်ကို ရရှိနိုင်ပါတယ်။
အမျှင်ဓာတ်

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အစာခြေစနစ် ကျန်းမာစေဖို့ အမျှင်ဓာတ်ကအရေးပါပါတယ်။ ဝမ်းမှန်ပြီး ကျန်းမာစေဖို့ရော အူနံရံတွေက အာဟာရဓာတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်ဖို့အတွက်ပါ။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကနေ အမျှင်ဓာတ်ကို ရရှိနိုင်ပါတယ်။
ဗီတာမင်နဲ့ သတ္တုဓာတ်တွေ

ကိုယ်ခံအားကောင်းဖို့၊ ရောဂါတွေကို တိုက်ထုတ်ဖို့၊ကာကွယ်ဖို့နဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက နေရရှိနိုင်ပါတယ်။ တစ်နေ့ကို ပုံမှန် ဟင်းသီးဟင်းရွက်ကြော်စားတာ၊ သစ်သီး အချိုတည်းတာမျိုးလုပ်ပေးပါ။
ကယ်လ်ဆီယမ်

အရိုးတွေ၊ သွားတွေကြံ့ခိုင်သန်စွမ်းဖို့လိုအပ်ပါမယ်။ နှလုံးနဲ့ကြွက်သားတွေကျန်းမာဖို့အတွက်ရော၊ အာရုံကြောတွေ ကျန်းမာဖို့ပါ ထောက်ပံံပေးနိုင်သေးတဲ့ ဓာတ်တစ်ခုပါ။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဒိန်ချဉ်၊ချိစ်တို့ကနေ အဓိက ရရှိပါတယ်။
ရေဓာတ်

ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို နေရာယူထားတဲ့ ရေဓာတ်က ပြည့်ဝနေမှ ကျန်းမာမယ်ဆိုတာ ပြောနေစရာ အထွေအထူးမလိုအောင်ပါ။ ဒါကြောင့် နေ့စဉ် သန့်စင်တဲ့ ရေ ၇ ခွက်ကနေ ၈ ခွက်အထိတိုက်ပေးဖို့မမေ့ပါနဲ့။
အဆီဓာတ်

ဒီဓာတ်ကတော့ နည်းလည်း မကောင်းသလို များပြန်ရင်လည်း ထိခို်ကိနိုင်ခြေက များပါတယ်။ ဒီတော့ အကောင်းဆုံးက မျှတနေဖို့ပါ။ ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီမျိုးပဲ အဓိက ထားကျွေးပါ။ အဆီများတဲ့ မုန့်တွေဖြစ်တဲ့ အာလူးကြော်၊ ကြက်ကြော်လိုမျိုး အရာတွေကို သိပ်မကျွေးပါနဲ့။

နေ့တိုင်းမှာ ဒီဓာတ်တွေကို ပါအောင်ကျွေးပေးတာက သမီးလေးတွေကို ကျန်းမာဖျတ်လတ်တဲ့ မိန်းမပျိုလေးဖြစ်လာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ကျွေးတာက ကျွေးချင်တယ်။ အာဟာရတွေစုံအောင်ကျွေးဖို့က အခက်တွေ့နေတယ်ဆိုရင်တော့ Appeton ကနေ အပျိုဖော်ဝင်စ သမီးလေးတွေအတွက် အဓိကထုတ်ထားတဲ့ Appeton Essentials Ms Teen ကိုအားကိုးလို့ရပါတယ်။ ဒီ အားဆေးက အပျိုဖော်ဝင်စ မိန်းကလေးငယ်တွေအတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝအောင်ထုတ်ထားတာကြောင့် အစားရွေးတဲ့ သမီးလေးတွေကိုတောင် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေနိုင်မှာပါ။  ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ သမီးလေးဖြစ်စေချင်တဲ့ မေမေတိုင်း သိထားဖို့ လိုမယ့် အားဆေးတစ်မျိုးပါ။ ဆယ်ကျော်သက်သမီးငယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ကြပါစေကြာင်း…..

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly