ရွေးကောက်ပွဲအလွန် လူငယ်များရဲ့ အနာဂတ်

ရွေးကောက်ပွဲအလွန် လူငယ်များရဲ့ အနာဂတ်

"Chance တွေပေးနိုင်တဲ့ environment တွေ မဖန်တီးပေးနိုင်သရွှေ့ ဒီကလေးတွေမှာ လုပ်စရာမရှိဘူး"လို့ အမျိုးသားတိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခိုင်ခိုင်ဆုက ရွေးကောက်ပွဲအလွန် လူငယ်များရဲ့ အနာဂတ် ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ Mizzima Dialogue TV Show အစီအစဉ်မှာ ဆွေးနွေးသွားတာပါ။ ဆွေးနွေးပွဲ အပြည်အစုံကို မကြားမီ တင်ဆက်ပေးသွားပါမယ်။

"လူငယ်တွေကြားထဲမှာ ကိုယ်ကိုယ်တိုင်ကလည်း ၊ကြိုးစားဖို့လိုတယ် အစိုးရအနေနဲ့ကလည်း လူငယ်တွေကို အခွင့်အလမ်းတွေ ပေးဖို့လိုတယ်" Action Aid Myanmar မှ မန်နေဂျာ ဒေါ်ခင်သန္တက "ရွေးကောက်ပွဲအလွန် လူငယ်များရဲ့ အနာဂတ်" ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ Mizzima Dialogue TV Show အစီအစဉ်မှာ ဆွေးနွေးသွားတာပါ။ ဆွေးနွေးပွဲအပြည်အစုံကို မကြာမီ တင်ဆက်ပေးသွားပါမယ်။

"အစိုးရတွေဟာ မူဝါဒတွေ လွဲမှားလို့ မရဘူး။ Job creation Job opportunity အတွက်ကို skillful labour မွေးထုတ်ပေးနိုင်ရမယ်။အဲဒီအတွက်ကို ကျွန်တော်တို့ အခြေခံအဆောက်အအုံကောင်းတွေရှိနေရမယ် အလုပ်အကိုင်တွေ များများ တကယ် labour intensive ဖြစ်ဖို့ကို အလုပ်အကိုင်တွေ ဖန်းတီးပေးမယ်ဆိုပါတော့ အဲဒီမှာ အခြေခံအဆောက်အအုံပိုင်းကို ကြည့်ရမယ်။ခေတ်အဆက်ဆက်အစိုးရတွေဟာ စွမ်းအင်နဲ့ ပတ်သက်ပြီးတော့ မူဝါဒတွေချမှတ်တာ မှားယွင်းခဲ့တယ်လို့ ကျွန်တော်မြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သဘာဝအရင်းမြစ်တွေ အများကြီးရှိရဲ့သားနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ မီးပြဿနာ လျှပ်စစ်မီးပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိဘူး"လို့ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဘိုဘိုဦးက ရွေးကောက်ပွဲအလွန် လူငယ်များရဲ့ အနာဂတ် ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ Mizzima Dialogue TV Show အစီအစဉ်မှာ ဆွေးနွေးသွားတာပါ။ ဆွေးနွေးပွဲအပြည်အစုံကို မကြာမီ တင်ဆက်ပေးသွားပါမယ်။

"ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ လုပ်ငန်းစဉ်မှာ လတ်တလောတွေ့ရတဲ့ အကျိုးကျေးဇူးက မူးယစ်ဆေးဝါး ပိုများလာတယ်လို့ ပြောတယ်။ တချိ့ဆို အစွန်းရောက်တောင် ပြောသေးတယ် ငြိမ်းချမ်းရေးမလိုချင်တော့ဘူး မူးယစ်ဆေးဝါးသာ ဖြေရှင်းပေးပါပေါ့ ငြိမ်းချမ်းမရလည်း နေပတော့လို့ပြောတယ်" လို့ မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးကျော်လင်းဦးက ရွေးကောက်ပွဲအလွန် လူငယ်များရဲ့ အနာဂတ် ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ Mizzima Dialogue TV Show အစီအစဉ်မှာ ဆွေးနွေးသွားတာပါ။ ဆွေးနွေးပွဲအပြည်အစုံက်ု မကြားမီတင်ဆက်ပေးသွားပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly