ကျွန်းစု၌ စက်လှေတိမ်းမှောက်၍ နှစ်ဦး သေဆုံး၊ သုံးဦး ပျောက်ဆုံးနေ

ကျွန်းစု၌ စက်လှေတိမ်းမှောက်၍ နှစ်ဦး သေဆုံး၊ သုံးဦး ပျောက်ဆုံးနေ

ကျွန်းစု၊ စတင်ဘာ ၂၂ ။           ။ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ၀ါရစ်ကျေးရွာအုပ်စု ၀ါရစ်ကျေးရွာရှိ မြစ်အတွင်း စက်တင်ဘာ၂၂ ရက်နေ့ ၊ နေ့လယ် ၂ နာရီအချိန်က နာရေးမှ ပြန်လာသည့် စက်လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားရာ ၂ ဦး သေဆုံး၍ ၃ ဦး ပျောက်ဆုံးနေကြောင်း ယင်းကျေးရွာရှိ ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်လှေမောင်း ဦးအုန်းကြူ၏ စက်လှေသည် နာရေးအပြန်တွင် လူ ၁၆ ဦး စီးနင်းလိုက်ပါလာခဲ့ပြီး မြစ်ထဲ၌ သစ်ငုတ်တိုင်ဖြင့် တိုက်မိရာမှ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စက်လှေ တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၅ ဦးမှာ ရေနစ်ပျောက်ဆုံးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ အမျိုးသမီး ၂ ဦးကို သေဆုံးလျက် ပြန်လည်ရှာတွေ့ခဲ့ပြီး၊ ကျန် ၃ ဦးမှာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

“လက်ရှိကတော့ အမျိုးသမီး ၃ ဦး ရေနစ်ပျောက်ဆုံးနေလို့ ရွာက ဒေသခံတွေရဲ့ လှေငယ်တွေနဲ့ ရှာဖွေနေပါတယ်၊ သက်ဆိုင်ရာက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လာလုပ်ပေးနေတာမျိုးတော့ မရှိသေးဘူး”ဟု  ၀ါရစ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ ရုံးစာရေး တာဝန်ခံ ကိုရန်ပိုင်လင်းက ပြောသည်။

အဆိုပါလှေတွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၆ ဦး လိုက်ပါလာခြင်းဖြစ်ပြီး ရေနစ် ပျောက်ဆုံးနေသူ အမျိုးသမီး ၃ ဦး ကို ဆက်လက်ရှာဖွေနေကြကာ စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီခန့် အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly