ရာသီဥတုပြောင်းလဲမှုအရေး ကုလသမဂ္ဂက အရေးတယူ ဆောင်ရွက်ရန် ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူ တိုက်တွန်း

ရာသီဥတုပြောင်းလဲမှုအရေး ကုလသမဂ္ဂက အရေးတယူ ဆောင်ရွက်ရန် ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူ တိုက်တွန်း

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၂ ။        ။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လူငယ်လှုပ်ရှားမှုကို အစပျိုးပေးခဲ့တဲ့ ဆွီဒင်က တက်ကြွလှုပ်ရှားတဲ့ ဆယ်ကျော်သက်မိန်းကလေး ဂရီတာတန်းဘတ်ချ်နဲ့ အခြားလူငယ်တက်ကြွလှုပ်ရှားသူ သုံးဦးဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အရေးတယူ ဆောင်ရွက်ကြမှု ချို့တဲ့တာအပေါ် ပြစ်တင်ပြောဆိုပါတယ်။

စနေနေ့က ကုလသမဂ္ဂ အစည်းအဝေးမှာ ၎င်းတို့ လေးယောက်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ်နဲ့အတူ အဆိပ်ငွေ့ထုတ်လွှတ်မှု ကင်းမဲ့တဲ့ ကမ္ဘာဖြစ်ရေး နှိုးဆော်တို်က်တွန်းကြပါတယ်။

ကုလသမဂ္ဂရုံးချုပ်မှာ လူငယ်ထု ရာသီဥတုပြောင်းလဲမှု ညီလာခံ တစ်စိတ်တစ်ပိုင်းအဖြစ် ဂရီတာတန်းဘတ်ချ်၊ အာဂျင်တီးနားက ဘရွန်နိုရော့ဒရီဂတ်စ်၊ ကင်ညာက ဝန်ဂျူဟီနဲ့ ဖီဂျီကျွန်းနိုင်ငံက ကိုမယ်ကာရစ်မာကူးမား စတဲ့ လူငယ်တက်ကြွလှုပ်ရှားသူတွေဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို ရာသီဥတုပြောင်းလဲမှုအတွက် တာဝန်ယူဖို့၊ တာဝန်ခံဖို့ တိုက်တွန်းပြောဆိုကြပါတယ်။

တစ်စုံတစ်ရာ အကောင်အထည်ဖော် ဆောင်ရွက်တာ မရှိမချင်း သောကြာနေ့က ဆင်နွှဲခဲ့တဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေနဲ့ ဆက်လက်ကန့်ကွက်ဆန္ဒပြသွားမယ်လို့လည်း ၎င်းတို့က သတိပေး ပြောဆိုကြပါတယ်။

လူငယ်တက်ကြွလှုပ်ရှားသူ လေးဦးနဲ့ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်တို့ဟာ လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် ရာသီဥတုအရေးထိပ်သီးညီလာခံ မတိုင်မီ အကြိုစည်းဝေးကြတာပဲ ဖြစ်ပါတယ်။ အဲဒီ ထိပ်သီညီလာခံမှာ ကုလသမဂ္ဂထိပ်တန်းတာဝန်ရှိသူ ဂူတာရပ်စ်က လာမယ့် ၁၀ အတွင်း ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ ၄၅ ရာခိုင်နှုန်း လျှော့ချရေးနဲ့ ၂၀၅၀ မှာ ၁၀၀ ရာခိုင်နှုန်း လျှော့ချရေး တိုက်တွန်းပြောဆိုမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က လူငယ်တွေ အဓိက ပါဝင်တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြပွဲတွေ ကမ္ဘာ့အနှံ့မြို့ကြီးတွေ ဆင်နွှဲခဲ့ကြတာ ဖြစ်ပြီး နိုင်ငံအချို့မှာ စာသင်ကျောင်းတွေ ပိတ်ပြီး ကျောင်းသားကျောင်းသူတွေဟာ ဒီ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly