အီရန်ကို တိုက်ခိုက်တဲ့ နိုင်ငံတိုင်း စစ်မြေပြင်ဖြစ်သွားမယ်လို့ ခြိမ်းခြောက်

အီရန်ကို တိုက်ခိုက်တဲ့ နိုင်ငံတိုင်း စစ်မြေပြင်ဖြစ်သွားမယ်လို့ ခြိမ်းခြောက်

တီဟီရန်၊ စက်တင်ဘာ ၂၂ ။          ။ အီရန်ကို တိုက်ခိုက်ရဲတဲ့ ဘယ်နိုင်ငံမဆို စစ်မြေပြင်ဖြစ်သွားလိမ့်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် စစ်ဦးစီးချုပ် ဟူစိန်ဆာလာမီက စနေနေ့မှာ ခြိမ်းခြောက်ပြောဆိုပါတယ်။

ပါရှားပင်လယ်ကွေ့ဆီ တပ်ဖွဲ့တွေ စေလွှတ်ဖို့ အမေရိကန်က ဆုံးဖြတ်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ ဗိုလ်ချုပ်ကြီး ဟူစိန်ဆာလာမီက ခုလို ပြောဆိုလာတာပါ။

“ကျွန်တော်တို့အနေနဲ့ အီရန် ပိုင်နက်နယ်မြေဆီ ကျူးကျော်လာမယ့် ဘယ်လိုစစ်ပွဲမျိုးကိုမှ ခွင့်ပြုမှာ မဟုတ်ဘူး။”လို့ အီရန်က ပစ်ချခဲ့တဲ့ အမေရိကန် ဒရုန်းယာဉ် အပိုင်းအစတွေ ထုတ်ဖော်ပြသပွဲမှာ ၎င်းက ပြောပါတယ်။

“သူတို့ ပိုင်တဲ့ မြေကို စစ်တလင်း ဖြစ်ချင်ကြသူတွေကတော့ နောက်မဆုတ်တမ်း ဆက်လုပ်ကြပေါ့။”လို့ ၎င်းက ဟူစိန်ဆာလာမီက ခြိမ်းခြောက်ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဆော်ဒီအာရေဗျနိုင်ငံက အဓိက ရေနံစက်ရုံတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရအဖွဲ့က အီရန်ကို စွပ်စွဲထားတာ ဖြစ်ပါတယ်။

အီရန်နဲ့ အမေရိကန်ကြား တင်းမာမှုတွေ အရှိန်မြင့်နေတဲ့အချိန်မှာပဲ ခုလို စွပ်စွဲလာတာပါ။

အဲဒီ ရေနံစက်ရုံတွေ တိုက်ခိုက်ခံရတာအတွက် အမေရိကန်ဟာ အီရန် ဗဟိုဘဏ်ကို ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ ဒီအပြင် ဆော်ဒီအာရေဗျနဲ့ ယူအေအီးဆီ တပ်ဖွဲ့ဝင် အကန့်အသတ်အင်အား စေလွှတ်ဖို့ပါ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly