ပင်လုံစာချုပ် အပြည့်အဝအကောင်အထည်ဖော်မှသာ ငြိမ်းချမ်းရေးရမည်ဟု ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း ပြော

ပင်လုံစာချုပ် အပြည့်အဝအကောင်အထည်ဖော်မှသာ ငြိမ်းချမ်းရေးရမည်ဟု ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း ပြော
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ စက်တင်ဘာလ ၂၁။      ။ ပင်လုံစာချုပ်ကို အပြည်အဝအကောင်အထည်ဖော်မှသာ တိုင်းပြည်ငြိမ်းချမ်းရေးရမည်ဟု တပ်မတော် နှင့် NCA လက်မှတ်ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦးမှ ဒုဥက္ကဋ္ဌ ဖြစ်သော ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း က မဇ္စျိမသတင်းဌာနကို ပြောသည်။

" ဒီနေ့က ကမ္ဘာငြိမ်းချမ်းရေးနေ့ဖြစ်နေတာပါ။ကျွန်တော်တို့တိုင်းပြည်မှကျတော့ ငြိမ်းချမ်းရေး မရှိ သေးဘူး။ လွတ်လပ်ရေးရတာ နှစ်ပေါင်း ၇၁ ရှိပါပြီ။ လွတ်လပ်ရေး ကျောက်တိုင်ကြီးကို စိုက်ထူ တာလည်း လွတ်လပ်ရေးရတာနဲ့အညီပါ။ ဒီတိုင်းပြည်ကြီးကို လွတ်လပ်ရေးရအောင် ဒီကျောက်တိုင် ကြီးကို စိုက်ထူနိုင်အောင် ဆောင်ရွက်ပေးခဲ့တဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ပင်လုံစာချုပ်ကို ယနေ့အထိ အကောင်အထည်မဖော်နိုင်သေးဘူး။ ဒီလွတ်လပ်ရေးကျောက်တိုက်ထဲမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ရဲ့မိန့်ခွန်းတွေဖော်ပြထားတယ်။ အဲဒါပင်လုံစာချုပ်ရဲ့အပိုဒ်၂ ဖြစ်ပါတယ်။ ဒီတိုင်းပြည်ကိုလွတ်လပ်ရေး ရလို့ရှိရင် ဒီမိုကရေစီစနစ်နဲ့ထူထောင်ပါမယ်။ ယနေ့အထိ တိုင်းပြည်မှ ဒီမိုကရေစီစနစ်ကို အပြည့်အဝ

မတည်ထောင်နိုင်သေးပါဘူး။ အပိုဒ် ၅ မှာ တိုင်းရင်းသား လူမျိုးတွေကို မိမိတို့ရဲ့နယ်အတွင်း အုပ်ချုပ် ရေးမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရမယ်။ အဲဒါလည်းအခုထိအကောင်အထည်မဖော်နိုင်သေးဘူး " ဟု ချင်းအမျိုးသားတပ်ဦးမှ ဒုဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာဆလိုင်းလျန်မငန်းဆာခေါင်း က မဇ္စျိမသတင်း ဌာနကို ပြောသည်။

ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီရေး နှင့်လူ့အခွင့်ရေးတို့အတွက် အသက်ပေးလှူခဲ့ကြသူများအား ရည်းစူး ဂုဏ်ပြုခြင်းနှင့် အတူ ၁ဝကြိမ်မြောက်အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးအထိမ်းအမှတ်ပွဲကို စက်တင် ဘာလ ၂၁ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊မဟာဗန္ဓုလပန်းခြံတွင် အကြမ်းမဖက် အမျိုးသားလှုပ်ရှား သူများ (၂၀၀၇ ရွှေဝါရောင် ) မှ ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့သည်။

"လွတ်လပ်ရေးတော့ ရတယ်။လွတ်လပ်ရေးကို မွေးဖွားပေးတဲ့ ပြည်ထောင်စုကြီးကိုမွေးဖွားပေးတဲ့ ပင်လုံစာချုပ်ကျတော့ ယနေ့တိုင်အကောင်အထည်မဖော်နိုင်သေးပါဘူး။ အခုငြိမ်းချမ်းရေး ဆွေးနွေး ပွဲကိုဆင်နွဲနေတဲ့အချိန်မှာ အဓိကလိုချင်တာက ပင်လုံစာချုပ်ကိုအပြည့်အဝ အကောင်အထည် ဖော် ချင်တယ်။ အပြည်အဝအကောင်အထည်ဖော်မှပဲ တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရမှဖြစ်တယ်။ ပင်လုံ စာချုပ်အပြည်အဝအကောင်အထည် ဖော်ခြင်းဆိုတာ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ် စနစ်ကို အခြေ ခံတဲ့ ပြည်ထောင်စုတည်ဆောက်ခြင်းပါ။ ကမ္ဘာငြိမ်းချမ်းရေးနေ့မှာ ပြည်ထောင်စုကြီးကို လွတ်လပ်ရေး ပေးတဲ့ ပြည်ထောင်စုကြီးကိုမွေးဖွားပေးတဲ့ ပြည်ထောင်စုစာချုပ် ပင်လုံစာချုပ်ကို အကောင်အထည် ဖော်ကြပါစို့ " ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲတွင် ငြိမ်းချမ်းရေးသီချင်းများ ၊ ငြိမ်းချမ်းရေး ကဗျာ များရွတ်ဆိုခဲ့ကြပြီး လာရောက်နားထောင်ကြသည့် ပရိတ်သတ်များကို ဖျော်ဖြေခဲ့ကြသည်။

"ဒီပန်းခြံထဲမှာအဓိက ကျင်းပရတဲ့အကြောင်းအရင်းသည် အများပြည်သူလူထုနဲ့သက်ဆိုင်တဲ့ ငြိမ်းချမ်း ရေး ၊ကမ္ဘာ့အသိုင်းအဝိုင်းကလည်း ကြည့်နေမယ့် ငြိမ်းချမ်းရေး အကုန်လုံးငြိမ်းချမ်းရေး လှုပ်ရှားမှု ဖြစ် တဲ့အတွက်ကြောင့် အားလုံးညီညီညွတ်ညွတ်နဲ့ ပေါင်းစပ်လို့ရအောင် ဒီလိုပန်းခြံမှ ဦးဆောင်ပြီး ကျင်းပ တာပါ" ဟု အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများ ( ၂၀၀၇ ရွှေဝါရောင် ) မှ ဦးလူမော် က မဇ္စျိမ သတင်းဌာန ကိုပြောသည်။

အဆိုပါ အခမ်းအနားကို NCA လက်မှတ်ထိုးထားသည် ချင်းအမျိုးသားတပ်ဦးမှ ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း နှင့်အခြား NCA လက်မှတ်ရေးထိုးထားသည့် တာဝန်ရှိသူများ ၊ နိုင်ငံရေး တက်ကြွလူပ်ရှားသူများ တက်ရောက်ခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly