ဧရာဝတီတိုင်းအတွင်း ဆင်သတ်ခံရမှုများ ကိုးလအတွင်း သိသိသာသာလျော့ကျ

ဧရာဝတီတိုင်းအတွင်း ဆင်သတ်ခံရမှုများ ကိုးလအတွင်း သိသိသာသာလျော့ကျ

ပုသိမ်၊ စက်တင်ဘာ ၂၁ ။           ။ ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ်ဇန်နဝါရီမှ စက်တင်ဘာလအထိ ကိုးလတာ ကာလအတွင်း သုံးမှုသာ ဖြစ်ပွားခဲ့ကြောင့် သိသိသာသာ လျော့ကျလာကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

“၂၀၁၉မှာ သုံးမှုဖြစ်တယ်။ တရားခံအရေအတွက်က ၈ဦးဖြစ်ပြီး ၆ဦးဖမ်းမိတယ်။ ၂ဦးက ထွက်ပြေးတိမ်းရှောင် နေတယ်။ လိုက်လံစုံစမ်းဖမ်းဆီးနေပါတယ်” ဟု ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆင်သတ်ခံရမှုများမှာ ၂၀၁၇ တွင် ၁၆မှု၊ ၂၀၁၈တွင် ၈မှုရှိခဲ့ပြီး၊၂၀၁၉ တွင် သုံးမှုသာဖြစ်ပွားခဲ့သောကြောင့် သိသိသာသာလျော့ကျလာကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ ့မှူးရုံးမှ သိရသည်။

“ဆင်အသတ်ခံရမှုက လျော့သွားပေမယ့် အသတ်ခံနေရဆဲ၊ ပြီးခဲ့တဲ့လမှာ ဆင်နှစ်ကောင် သတ်ခံရတာတွေ ရှိပါတယ်။ ဆင်သတ်မုဆိုး မိပါတယ်။ ဆင်သတ်ပစ္စည်း သယ်ယူတဲ့ ကုန်သည်တွေ၊ ဂိုဏ်းတွေ ရှိပါတယ်။ အဲဒါတွေ မဖော်ထုတ်နိုင်သရွေ့ ဆင်သတ်ခံရဦးမှာပဲ”ဟု ငပုတောမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆင်သတ်ခံရမှုများကို ကာကွယ်ရေးအတွက် ပြည်သူများကို ပညာပေးခြင်း လှည့်ကင်းများဖြင့် ဆောင်ရွက်ခြင်း ဆင်အခြေပြုစခန်းများ ဖွင့်လှစ်ထားရှိခြင်းများကို ဆောင်ရွက် နေကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly