ဗစ်တိုးရီးယားအမှုအတွက် အဂတိလိုက်စားမှု ရှိ၊ မရှိ စောင့်ကြည့်နေဟု အဂတိကော်မရှင်ဆို

ဗစ်တိုးရီးယားအမှုအတွက် အဂတိလိုက်စားမှု ရှိ၊ မရှိ စောင့်ကြည့်နေဟု အဂတိကော်မရှင်ဆို

နေပြည်တော်၊ စက်တင်ဘာ ၂၁ ။          ။ နေပြည်တော်တွင် ဖြစ်ပွားခဲ့သော ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ အဂတိလိုက်စားမှု ရှိ/မရှိ စောင့် ကြည့်ဆောင်ရွက်နေသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ စစ်ဆေးရေးမှူး ချုပ် ဦးသန့်ဇော်က ပြောသည်။

နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် စက်တင်ဘာ ၂၁ရက်ကပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုလည်း တိုင်ကြားလာခဲ့တာရှိပါတယ်။ ဒီ တိုင်ကြားစာနဲ့ပတ်သက်ပြီးတော့လည်း တိုင်ကြားသူနဲ့လည်း တွေ့ဆုံပြီးတော့ ရှင်းလင်းမေးမြန်း ခဲ့ပြီး ဖြစ်ပါတယ်။

ဒီဗစ်တိုးရီးအမှုလေးနဲ့ပတ်သက်ပြီးတော့ ကော်မရှင်အနေနဲ့ စာနာ ထောက်ထားမှု များစွာ နဲ့ ကျွန်တော်တို့ အဂတိလိုက်စားမှု မြောက်/မမြောက်၊ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး တော့ ငြိစွန်းမှု ရှိ/မရှိဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ဆောင်ရွက်လျှက်ရှိပါတယ်” ဟု ဦးသန့်ဇော်က ပြောသည်။

ဗစ်တိုးရီးယားအမှုအတွက် တိုင်ကြားစာကို အမှုဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာတွင် ကော်မရှင်က လက်ခံရရှိခဲ့သည်ဟုလည်း ၄င်းကဆက်ပြောသည်။

“အဲ့ဒီလို သွားပြီးတော့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အပေါ်မှာမူတည်ပြီးတော့ တိုင်တာမဟုတ်ပါဘူး။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ နစ်နာမှုလေးကို ကျွန်တော်တို့ အနေနဲ့ တိုင်တာဖြစ်ပါတယ်”ဟု ဦးသန့်ဇော်က ပြောသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းတွင်တက် ရောက်နေသည့် သုံးနှစ်အရွယ်ကလေးတစ်ဦးလိင်ပိုင်းဆိုင်ရာ ပြုကျင့်ခံရမှုအတွက် မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူကို သံသယတရားခံအဖြစ် ဖမ်းဆီးထားပြီး ဒက္ခိဏခရိုင် တရားရုံးတွင် တရားစွဲဆိုထားကာ ခြောက်ကြိမ်မြောက်အဖြစ် ရုံးချိန်း စစ်ဆေးထားပြီးဖြစ်သည်။

ယင်းအမှု၏ ခုနစ်ကြိမ်မြောက်ရုံးချိန်းကို လာမည့်စက်တင်ဘာ ၂၄ရက်သို့ ချိန်းဆိုထားပြီး အဆိုပါ ကျောင်းမှ ဝန်ထမ်းနှစ်ဦးကို သက်သေအဖြစ် စစ်ဆေးသွားမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly