တက္ကဆက်မှာ မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလွှမ်းမှု ကြုံတွေ့နေ

By AFP
21 September 2019
တက္ကဆက်မှာ မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလွှမ်းမှု ကြုံတွေ့နေ

၀ါရှင်တန်၊ စက်တင်ဘာ ၂၁ ။            ။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ အပူပိုင်းမိုးမုန်တို်ငး အီမယ်ဒါကြောင့် ရက်အတော်ကြာ မိုးသည်းထန်ပြီးနောက် သောကြာနေ့မှာ ရေကြီးရေလွှမ်းမှုတွေ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

အင်္ဂါနေ့က ကမ်းရိုးတန်းဆီ ဝင်ရောက်ခဲ့တဲ့ ဒီ မုန်တိုင်း နောက်ဆက်တွဲ မိုးသည်းထန်မှုကြောင့် လမ်းတွေ၊ ရပ်ကွက်တွေဟာ နှစ်ပေမှ သုံးပေအထိ ရေကြီးရေလျှံမှု ဖြစ်နေတာပါ။

အရှိန်နှေးကွေးစွာ ရွေ့လျားနေတဲ့ ဒီမုန်တိုင်းနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းမှုဟာ ဗုဒ္ဓဟူးနေ့ကစလို့ ကြာသပတေးနေ့အထိ ဆက်တိုက်ရွာသွန်းတာ ဖြစ်ပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် လူရာပေါင်းများစွာကို ကယ်ဆယ်ခဲ့ရပြီး အကူအညီ တောင်းခံတဲ့ ဖုန်းခေါ်ဆိုမှုပေါင်း ၁၀၀၀ ကျော်မက ရှိပါတယ်။

ခုလို ဆိုးဆိုးဝါးဝါး ရေကြီးရေလွှမ်းမှုမှာ လေးဦး သေဆုံးကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ဟူစတန်အပါအဝင် စီရင်စုအချို့က ပြည်သူ ၄ ဒသမ ၇ သန်းအနေနဲ့ လာမယ့် စနေ၊ တနင်္ဂနွေအထိ ရေကျသွားတာကို ကြုံရနိုင်ဖို့ မရှိဘူးလို့ တာဝန်ရှိသူတွေက သတိပေးချက် ထုတ်ထားပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly