ပညာရေးကျန်းမာရေး အဆောက်အဦများ အချိန်မီပြီးစီးရန် တိုင်းအစိုးရသို့ တိုက်တွန်း

21 September 2019
ပညာရေးကျန်းမာရေး အဆောက်အဦများ အချိန်မီပြီးစီးရန် တိုင်းအစိုးရသို့ တိုက်တွန်း

ပညာရေးကျန်းမာရေးအဆောက်အဦများနှင့်ပတ်သက်ပြီး တိုင်းအစိုးရကြီးကြပ်မှု အားကောင်းစေရန်နှင့် အချိန် မီပြီးစီးရန် တိုက်တွန်းကြောင်းအဆိုကို မြန်အောင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုအောင် ကတင်သွင်းခဲ့သည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများသည် မြေပြင်အခြေအနေတွင် စိစစ်မှုအနေနှင့် အားနည်းချက်များဖြစ်ပေါ်နေကြောင်း ပညာရေး၊ကျန်းမာရေးအဆောက်အဦများအတွက် တိုင်းအစိုးရအနေဖြင့် ငှားရမ်းစာချုပ်ချုပ်ဆိုထားသော Design QC တည်ဆောက်ရေးကုမ္ပဏီများ၏ အားနည်းချက်များကို တိုင်း အစိုးရအနေဖြင့် ကြီးကြပ်မှု ပိုမိုအားကောင်းလာစေရန်အတွက် သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် တည်ဆောက် ရေးလုပ်ငန်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစေရန် ဒေါ်စုစုအောင်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၉ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ ့တွင်တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုကို မော်လမြိုင်ကျွန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးက အဆိုအား လွှတ်တော်တွင် ဆွေးနွေးသင့်ကြောင်း ထောက်ခံခဲ့သည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly