ရီယိုဒီဂျနေးရိုးမြို့ဆီ ရောက်လာတဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ်စာအုပ်ဆိုင်

ရီယိုဒီဂျနေးရိုးမြို့ဆီ ရောက်လာတဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ်စာအုပ်ဆိုင်

စက်တင်ဘာ ၂၀ ။         ။ ကမ္ဘာ့အကြီးဆုံး ရေပေါ်စာအုပ်ဆိုင် အဖြစ် အသိအမှတ်ပြုထားတဲ့ လိုဂိုစ် ဟုပ် စာအုပ်သင်္ဘောကြီးကတော့ ယခုအခါ ဘရာဇီးနိုင်ငံ ရီယိုဒီဂျေးရိုး မြို့ ဆိပ်ကမ်းဆီ ဆိုက်ကပ်လာခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံပေါင်း ၆၀ မှ စေတနာ့ဝန်ထမ်း ၄၀၀ ခန့် လိုက်ပါလာတဲ့ အဆိုပါ စာအုပ်သင်္ဘောကြီးကတော့ စက်တင်ဘာ ၁၉ ရက်မှာ ယင်းမြို့မှာ စတင်ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြို့နေပြည်သူတွေအနေနဲ့ စာအုပ် ထောင်ပေါင်းများစွာကို လေ့လာပြီး ကြိုက်နှစ်သက်ရာစာအုပ်တွေကို ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

အဆိုပါ စာအုပ်သင်္ဘောကြီးပေါ်မှာ မတူညီတဲ့ ကဏ္ဍအသီးသီးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ပါဝင်ပါတယ်။ သိပ္ပံ၊ ဂန္ဓဝင် စာပေ၊ အချက်အပြုတ်၊ အနုပညာ၊ လူမှုရေး သိပ္ပံ၊ အားကစား၊ ဘာသာရေး၊ ကလေးစာပေ အစရှိသဖြင့် စာအုပ်ပေါင်းများစွာကို ခင်းကျင်းထားတာဖြစ်ပါတယ်။

အဆိုပါ သင်္ဘောကြီးကတော့ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၅၀ မှာ ယင်းရဲ့ စာအုပ်တွေနဲ့ မိတ်ဆက်ပေးထားခဲ့ပြီးဖြစ်ပါတယ်။

ဘရာဇီးမှာတော့ အင်္ဂလိပ်နဲ့ ပေါ်တူဂီ ဘာသာစကားတွေနဲ့ ရေးသားထားတဲ့ စာအုပ်တွေကို ဝယ်ယူနိုင်မှာဖြစ်ပြီး စျေးနှုန်းတွေကတော့ ဒေါ်လာ ၂ ဒသမ ၅၀ ကနေ ၇ ဒသမ ၅၀ အကြား ရှိမယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly