ကမ္ဘာတစ်ဝှမ်း ရာသီဥတု ဆန္ဒပြပွဲတွေ ကျင်းပ

By AFP
20 September 2019
ကမ္ဘာတစ်ဝှမ်း ရာသီဥတု ဆန္ဒပြပွဲတွေ ကျင်းပ

စက်တင်ဘာ ၂၀ ။         ။ ၂၀၁၉ စက်တင်ဘာ ၂၁ ရက်မှာ စတင်မယ့် ကုလသမဂ္ဂ ရာသီဥတု ဆွေးနွေးပွဲ အကြိုအဖြစ် ကမ္ဘာတစ်ဝှမ်း နိုင်ငံအများအပြားမှာ ရာသီဥတု ဆန္ဒပြပွဲတွေ ကျင်းပလျက် ရှိပါတယ်။

ယနေ့မှာ ကမ္ဘာတစ်ဝှမ်း အဆိုပါ ရာသီဥတု ဆန္ဒပြပွဲ ပေါင်း ၅,၀၀၀ ကျော် ကျင်းပဖို့ ကြိုတင်စီစဉ်ထားခဲ့ပြီး နယူးယော့ခ်က ဆန္ဒပြပွဲကတော့ အင်အားအများဆုံး ဖြစ်လာမယ်လို့ သိရပါတယ်။

နယူးယော့ခ် ရာသီဥတု ချီတက်ဆန္ဒပြပွဲမှာတော့ ကျောင်းသား ဦးရေ ၁ ဒသမ ၁ သန်းတို့ ပါဝင်ဖို့ သက်ဆိုင်ရာ စာသင်ကျောင်းပေါင်း ၁,၈၀၀ က ခွင့်ပြုပေးထားခဲ့ပါတယ်။

ဒါဟာ ရာသီဥတု ပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေးမှာ ပိုမို မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားရေး တောင်းဆိုတဲ့ ‘Fridays for Future’ လှုပ်ရှားမှု တစ်စိတ်တစ်ဒေသအဖြစ် နိုင်ငံအသီးသီးမှာ ရာသီဥတု ဆန္ဒပြပွဲတွေကို ကျင်းပတာဖြစ်ပါတယ်။

ထိုင်း၊ တောင်ကိုရီးယား၊ သြစတြေးလျ အစရှိတဲ့ နိုင်ငံတွေမှာလည်း စက်တင်ဘာ ၂၀ မှာ အဆိုပါ ရာသီဥတု ဆန္ဒပြပွဲတွေကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly