ဘောလုံးသမိုင်းတစ်လျှောက် ငွေသုံးအများဆုံးနည်းပြအဖြစ် မော်ရင်ဟို ရပ်တည်

ဘောလုံးသမိုင်းတစ်လျှောက် ငွေသုံးအများဆုံးနည်းပြအဖြစ် မော်ရင်ဟို ရပ်တည်
Photos: EPA

မော်ရင်ဟိုဟာ ဘောလုံးသမိုင်းတစ်လျှောက် ကစားသမားခေါ်ယူမှုတွေမှာ ငွေကြေး အသုံးအများဆုံးနည်းပြအဖြစ် အန်ဆယ်လော့တီနဲ့ ဂွာဒီယိုလာတို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးက ရပ်တည်နေတယ်လို့ Transfermarket ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အသက် (၅၆)နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူပါ။

မော်ရင်ဟိုဟာ နည်းပြဘဝမှာ ကစားသမားဘဝခေါ်ယူမှု စုစုပေါင်း (၉၇)ကြိမ်ပြုလုပ်ခဲ့ပြီး ယူရို (၁.၆)ဘီလီယံအထိ သုံးစွဲခဲ့ပါတယ်။

နပိုလီအသင်းကို ကိုင်တွယ်နေတဲ့ ဝါရင့်နည်းပြ အန်ဆယ်လော့တီဟာလည်း မန်စီးတီးနည်းပြ ဂွာဒီယိုလာနည်းတူ ကစားသမားခေါ်ယူမှုအတွက် ယူရို (၁.၂)ဘီလီယံ သုံးထားပါတယ်။

ဒါပေမယ့်လည်း အန်ဆယ်လော့တီက ကစားသမားခေါ်ယူမှု (၈၅)ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဂွာဒီယိုလာမှာ (၅၂)ကြိမ်သာ ပြုလုပ်ခဲ့ပါတယ်။

မော်ရင်ဟို၊ အန်ဆယ်လော့တီနဲ့ ဂွာဒီယိုလာတို့ရဲ့နောက်မှာတော့ ပယ်လီဂရီနီ၊ အယ်လီဂရီနဲ့ အာဆင်ဝင်းဂါးတို့လို နည်းပြတွေလည်း ပါဝင်ပါတယ်။

ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီက ကစားသမားခေါ်ယူမှု (၈၂)ကြိမ်နဲ့ နံပါတ် (၄)နေရာမှာ ရပ်တည်ပြီး ယူရို (၁.၁)ဘီလီယံ သုံးစွဲထားပါတယ်။

ပြီးခဲ့တဲ့ ရာသီကုန်က ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာခဲ့သူ အယ်လီဂရီက ပယ်လီဂရီနီနောက် ကစားသမားခေါ်ယူမှု (၈၇)ကြိမ်နဲ့ ယူရို (၁)ဘီလီယံ သုံးစွဲခဲ့ပါတယ်။

ဒီရာသီအတွက် Sky Sports ရဲ့ ဘောလုံးဝေဖန်ရေးပြောဆိုသူအဖြစ် တာဝန်ယူနေတဲ့ မော်ရင်ဟိုက ပြီးခဲ့တဲ့လက နည်းပြဘဝကို လွမ်းဆွတ်မိတယ်လို့ အင်တာဗျူးတစ်ခုမှာ မျက်ရည်ဝဲပြီး ဝန်ခံခဲ့ပါတယ်။

Transfermarket ရဲ့ ဖော်ပြချက်အရ ကစားသမားခေါ်ယူမှုမှာ ငွေသုံးအများဆုံးနည်းပြ (၁၀)ဦး စာရင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

Ref; Sport Bible

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly