အစက်အပြောက်ပုံစံ ရှားပါး မြင်းကျား တစ်ကောင်ကို ကင်ညာမှာ တွေ့ရှိ

By AFP
20 September 2019
အစက်အပြောက်ပုံစံ ရှားပါး မြင်းကျား တစ်ကောင်ကို ကင်ညာမှာ တွေ့ရှိ

စက်တင်ဘာ ၂၀ ။          ။ သာမန် မြင်းကျားတွေနဲ့ မတူဘဲ ကိုယ်ပေါ်မှာ အစက်အပြောက်တွေ ရှိနေတဲ့ ရှားပါး မြင်းကျား သားပေါက် တစ်ကောင်ကို ကင်ညာနိုင်ငံမှာ တွေ့ရှိခဲ့ပါတယ်။

ကင်ညာနိုင်ငံ မာဆိုင်း မာရာ အမျိုးသား သဘာဝ ဘေးမဲ့တောထဲမှာ အဆိုပါ အစက်အပြောက် ရှိ မြင်းကျား အကောင်ပေါက်လေးကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပုံမှန် မြင်းကျားတွေမှာလိုမျိုး ကိုယ်ပေါ်မှာ အစင်းကျားတွေ ပါမလာဘဲ အစက်အပြောက်တွေသာ ဖြစ်နေတဲ့ ယင်း အကောင်ပေါက်လေးကတော့ အဆိုပါ ဥယျာဉ်ထဲမှာ ပထမဆုံး မြင်တွေ့ရတဲ့ တိရစ္ဆာန် ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ယင်း ထူးခြားတဲ့ တိရစ္ဆာန် သားပေါက်လေးကိုတော့ ဓာတ်ပုံဆရာ ရာဟောလ် ဆက်ချ်ဒက်ဗ်က ယခုလအစောပိုင်းက စတင် ရိုက်ယူနိုင်ခဲ့ပြီးနောက် ယင်း ပုံတွေက မကြာမီ လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly