ဧရာဝတီတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ဒေါက်တာစိုးဝင်းကို ခန့်အပ်

19 September 2019
ဧရာဝတီတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ဒေါက်တာစိုးဝင်းကို ခန့်အပ်

ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ပုသိမ်မြို့နယ်မှ တိုင်းဒေသကြီး-၁ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းအား လွှတ်တော်က သဘောတူ ခန့်အပ်ခဲ့သည်။

“ကျွန်တော်အနေနဲ ့တာဝန်ယူလိုက်ရတာ လူမှုရေးဝန်ကြီးဆီက အလုပ်သမားနဲ ့ပတ်သက်တဲ့ ဥပဒေ တွေနဲ ့ပတ်သက်တဲ့ဟာတွေ နယ်လုံဝန်ကြီးဆီက မှတ်ပုံတင်ကိစ္စနဲ ့ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေး နဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနကို ယူပြီး ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော် လည်း တတ် နိုင်သလောက်တော့ အင်မတန်မှအရေးကြီးတဲ့နိုင်ငံ့တာဝန်ကို ကျွန်တော် ရည်စူးထားပါတယ်။ ကိုယ် တတ်နိုင်သလောက်ကြိုးစားပြီးတော့ ဆောင်ရွက်ပြီးတော့ ထိထိရောက်ရောက် ဖြစ်အောင် လုပ်မယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့်လူ ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၉ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့တွင် ဝန်ကြီး အမည် စာရင်းတင်သွင်းခဲ့ပြီးနောက် လွှတ်တော်၏ သဘောဆန္ဒရယူကာ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly