ပြင်သစ်မှာ လူနေအိမ်ခေါင်မိုးတွေပေါ် လှည့်လည်သွားလာနေတဲ့ ကျားသစ်နက်တစ်ကောင်ကို ဖမ်းဆီးခဲ့ရ

By AFP
20 September 2019
ပြင်သစ်မှာ လူနေအိမ်ခေါင်မိုးတွေပေါ် လှည့်လည်သွားလာနေတဲ့ ကျားသစ်နက်တစ်ကောင်ကို ဖမ်းဆီးခဲ့ရ

စက်တင်ဘာ ၁၉

ပြင်သစ်နိုင်ငံ မြောက်ပိုင်း လိုင်လီမြို့က အိမ်ခေါင်မိုးတွေပေါ်မှာ လှည့်လည်သွားလာနေလျက်ရှိတဲ့ ရှားပါး ကျားသစ်နက် တစ်ကောင်ကို တွေ့ရှိခဲ့ရလို့ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ရပါတယ်။

အဆိုပါ သစ်နက် ခေါ် ကျားသစ်နက်ဟာ စက်တင်ဘာ ၁၈ ရက် ညနေခင်းက လေလွင့်ကြောင် တစ်ကောင်သဖွယ် ခြေဦးတည့်ရာ သွားလာနေတာကို မြင်တွေ့ခဲ့ရချိန်မှာ မြို့နေဒေသခံတွေ အံ့သြတကြီး ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းနောက် ရဲတွေ ရောက်လာပြီး အဆိုပါ ကျားသစ်နက်ကို ဖမ်းဆီးခဲ့ရပါတယ်။

ရဲတွေက ကနဦးမှာ ယင်းကျားသစ်နက် ရှိနေတဲ့ အဆောက်အအုံ ဝန်းကျင်မှာ လုံခြံုံရေး အဝန်းအရံတစ်ခု ပစ်ချခဲ့ရပါတယ်။

ယင်းနောက် အဆိုပါ ကျားသစ်နက် အိမ်ခေါင်မိုးပေါ်ကနေ အောက်ကို ခုန်ဆင်းလာချိန်မှာတော့ မေ့ဆေးမြှား သုံးပြီး ဖမ်းခဲ့ရပါတယ်။

မေ့ဆေးပေးပြီးနောက် အဆိုပါ ကျားသစ်နက်ကို လှောင်အိမ်ထဲ ထည့်ကာ ပြင်သစ် တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ထံ တာဝန်ရှိသူတွေက လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခဲ့ရတဲ့ ကျားသစ်နက်ဟာ အလေးချိန် ၄၅ ပေါင် ခန့် ရှိပြီး ငါးလ သို့မဟုတ် ခြောက်လသား အရွယ် ဖြစ်ကြောင်း သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly