အရက်အမျိုးမျိုးအတွက် အခွန် ၆၀ ရာခိုင်နှုန်းကောက်မည်

အရက်အမျိုးမျိုးအတွက် အခွန် ၆၀ ရာခိုင်နှုန်းကောက်မည်
 ဓာတ်ပုံ - မဇ္စျိမ

နေပြည်တော်၊ စက်တင်ဘာ ၁၉ ။              ။ လက်ရှိစျေးကွက်တွင်းရောင်းချနေသည့် အရက်အမျိုးမျိုးအတွက် အခွန် ၆၀ ရာခိုင်နှုန်းကောက်ခံ သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တေ်ာ အစည်းအဝေး တွင် သဘောတူခဲ့သည်။

၂၀၁၉ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် ပတ်သက်ပြီးတစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရာတွင် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် သဘောတူခဲ့ခြင်းဖြစ်သည်။

 “စီးကရက်တောင် ၁၂၀ ရာခိုင်နှုန်းကောက်တယ်။ အရက်ဆိုရင် ၆ဝရာခိုင်နှုန်းကောက်ပါတယ်” ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

၂၀၁၉ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် ဘီယာ အမျိုးမျိုးအတွက် ၆၀ ရာခိုင် နှုန်း ကောက်ခံမည်ဖြစ်ပြီး  ၀ိုင်အမျိုးအမျိုးအတွက် ၅ဝရာခိုင်နှုန်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မူလ အခွန်အကောက် ဥပဒေကြမ်းတွင် အရက်အမျိုးမျိုးအတွက် အလွှာ ၁၆လွှာခွဲဲခြားထားပြီး တစ်လီ တာတန်ဖိုး ၁၅၀၀၁ကျပ်ဖြစ်လျှင် အခွန် ၆ဝရာခိုင်နှုန်း ကောက်ခံရန်ဖော်ပြထားပြီး ယခုကဲ့သို့ ပြင်ဆင် ခဲ့သည့်အတွက် အလွှာအသီးသီးတွင် အခွန်နှုန်းတူညီသွားမည်ဖြစ်ကြောင်း သိရသည်။

“အဲ့တော့ဒီလို အခွန်ကောက်တဲ့နေရာမှာလည်း Inport ရော Export ရော အတူတူပါပဲ။ ပြည်တွင်း ကိုတင်သွင်းတဲ့အတွက်ကြောင့် လျှော့ပြီးတော့ကောက်ခံနေရင် ပြည်တွင်းကနေပြည်ပကိုတင်ပို့တဲ့ အတွက်ကြောင့်လျှော့ပြီး ကောက်ခံတယ်ဆိုတာ လုပ်လို့မရပါဘူး”ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

ထို့အပြင် တစ်လီတာစျေးနှုန်း ကျပ် ၁၅၀၀၁ကျပ်နှင့်အထက်အတွက် အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံ ပါက အထူးကုန်စည်ခွန်တွင် အခွန်ပိုမိုုကောက်ခံရရှိသွားမည်ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ဆွေးနွေးသည်။

“အထက်ပါနှုန်းထားအတိုင်း ကောက်ခံပါက သွင်းကုန်အခွန် ၄ဝရာခိုင်နှုန်း အပါအဝင် ကုန်သွယ် လုပ်ငန်းခွန်ပေါင်းစပ်လိုက်ပါက အခွန်မှာတင်၁ဝဝရာခိုင်နှုန်း ကျော်သွားမှာဖြစ်ပါတယ်။ ထိုသို့ကျော် လွန်သွားလျှင် တင်သွင်းမှုမှာ စျေးကွက်အတွင်း ရှင်သန်ရန်မလွယ်ကူတော့ရှိတော့မည်မဟုတ်ပါ”ဟု ဦးဘိုဘိုဦးက ပြောသည်။

ထိုသို့ ဆောင်ရွက်မှုများကြောင့် အရက်တင်သွင်းသည့် တရားမဝင်လမ်းကြောင်းများ၊ အတုအပများ စျေးကွက်အတွင်း များစွာပေါ်လာပြီး အခွန်ရလမ်းလည်း နည်းသွားနိုင်ကြောင်း ဦးဘိုဘိုဦးက ထောက်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required