ရပ်ကွက်အတွင်း မူးယစ်သောင်းကျန်းသဖြင့် သရုပ်ဆောင်လင်းလက်ဟိန်းကို ပစ်ခတ်ဖမ်းဆီး

ရပ်ကွက်အတွင်း မူးယစ်သောင်းကျန်းသဖြင့် သရုပ်ဆောင်လင်းလက်ဟိန်းကို ပစ်ခတ်ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာလ ၁၉ ။           ။ ရန်ကန်တိုင်းဒေသကြီး၊ သင်္ဃန်းမြို့နယ် ၊ ဆယ်သိန်းရပ်ကွက်ရှိ ရတနာပုံလမ်းတွင် သရုပ်ဆောင် လင်းလက်ဟိန်းဆိုသူသည် ဟင်္ဂလန်သံပြားချောင်းနှင့်ကတ်ကြေးတို့ကို ကိုင်ဆောင်ကာ မူးယစ်သောင်းကျန်းခဲ့သောကြောင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် သရုပ်ဆောင်လင်းလက်ဟိန်း(ခ) သန်းထိုက်ဦး ဆိုသူသည် အရှည်သုံးပေခွဲရှိသော ဟင်္ဂလန်သံပြားချောင်းနှင့် ရှစ်လက်မအရွယ်ရှိသော ကတ်ကြေး တို့ကို ကိုင်ဆောင်ကာ ရတနာပုံလမ်းတွင် မူးယစ်သောင်းကျန်းနေကြောင်း ပြည်သူများမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ဆက်သွယ်တိုင်းကြားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်အတွက် သက်ဆိုင်ရာသင်္ဃန်းကျွန်း မြိုမ ရဲစခန်းမှ တာဝန်ရှိသူများ နှင့် ရပ်ကွက်မှ တာဝန်ရှိသူတို့က သွားရောက် ထိန်းသိမ်းစဉ်  ရပ်ကွက် အုပ်ချုပ်ရေးမှူးကို လင်းလက်ဟိန်းက အသင့်ကိုင်ဆောင်ထားသည့် သံပြားချောင်းဖြင့် ရိုက်နှိက် ခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လာရောက်ထိန်းသိမ်းသည့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကိုလည်း ရန်ပြုရန် ပြေးဝင်လာသဖြင့် ရဲတပ်ဖွဲ့ဝင်တို့မှ အသင့်ကိုင်ဆောင်ထားသည့် ၁၂ ဗို့ ပန့်အက်ရှင်သေနတ် ဖြင့် ပစ်ကာ အတင်းဝင်ရောက်လုံးထွေး ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ဖမ်းဆီးသောကြောင့် သရုပ်ဆောင်လင်းလက်ဟိန်း၏ ညာဘက်ပေါင်ရင်းတွင် ပေါက်ပြဲ ဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်းမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦးကို  သင်္ဃန်းကျွန်းမြို့မ ရဲစခန်း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required