Brownface ဓာတ်ပုံထွက်ပေါ်ခဲ့မှုအတွက် ကနေဒါ ဝန်ကြီးချုပ် ထရူးဒိုး တောင်းပန်

Brownface ဓာတ်ပုံထွက်ပေါ်ခဲ့မှုအတွက် ကနေဒါ ဝန်ကြီးချုပ် ထရူးဒိုး တောင်းပန်

စက်တင်ဘာ ၁၉ ၊ ၂၀၁၉ ။          ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုနီးပါးက ပုဂ္ဂလိက စာသင်ကျောင်း ပါတီပွဲတစ်ခုမှာ လူမျိုးရေးခွဲခြားမှုကို ဖြစ်စေတဲ့ “brownface” ပုံစံ ဝတ်ဆင်ထားခဲ့တဲ့ ဓာတ်ပုံတစ်ပုံ ထွက်ပေါ်ပြီးနောက် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။

Time Magazine က ရရှိခဲ့ပြီး ထုတ်ဖော်ခဲ့တဲ့ အဆိုပါ ဓာတ်ပုံနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် မစ္စတာ ထရူးဒိုးအနေနဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ယင်းအချိန်တုန်းက ၎င်းရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ခုချိန်မှာ များစွာ စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ယင်းအချိန်တုန်းက ကောင်းကောင်း နားလည်သိရှိခဲ့သင့်တယ်လို့ မစ္စတာ ထရူးဒိုးက ပြောသွားပါတယ်။

၂၀၀၁ ခုနှစ် ကျောင်းနှစ်ပတ်လည် စာစောင်တစ်စောင်မှာ တွေ့ရှိရတဲ့ ဓာတ်ပုံတစ်ပုံမှာတော့ မစ္စတာ ထရူးဒိုးဟာ ၎င်းရဲ့ မျက်နှာနဲ့ လက်တွေမှာ အသားအရေ အနက်ရောင် ဖြစ်အောင် ပြင်ဆင်ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ဝန်ကြီးချုပ်ဟာ လာမယ့် အောက်တိုဘာ ၂၁ ရက် ရွေးကောက်ပွဲမှာ  ပြန်လည်ရွေးကောက်ခံရရေး ရုန်းကန်နေရပါတယ်။

အဆိုပါ အသားအရေ အမဲဖြစ်အောင် ပြင်ဆင်ရိုက်ကူးထားတဲ့ ဓာတ်ပုံဟာ လူမျိုးရေးခွဲခြားမှု ဖြစ်ခဲ့ပြီး ဒါဟာ မဖြစ်ခဲ့သင့်တဲ့ အခြေအနေဖြစ်ကြောင်း ထရူးဒိုးက ဝန်ခံသွားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly