လိုက်ဘေးရီးယားမှာ စာသင်ကျောင်းမီးလောင်ရာ ကလေးငယ် ၂၆ ဦး သေဆုံး

By AFP
19 September 2019
လိုက်ဘေးရီးယားမှာ စာသင်ကျောင်းမီးလောင်ရာ ကလေးငယ် ၂၆ ဦး သေဆုံး
Rescuers hold a body after a fire at a Koranic school that killed at least 26 children and two teachers in Monrovia, Liberia, on September 18, 2019 AFP

မွန်ရိုးဗီးယား၊ စက်တင်ဘာ ၁၉ ။           ။ လိုက်ဘေးရီးယားနိုင်ငံမှာ စာသင်ကျောင်းတစ်ကျောင်း မီးလောင်မှု ဖြစ်ရာ ကလေးငယ် ၂၆ ဦးနဲ့ ဆရာတစ်ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကျောင်းအိပ်ကျောင်းစား လက်ခံတဲ့ ဘော်ဒါဆောင်ကျောင်းမှာ ပြီးခဲ့တဲ့ ညပိုင်းက မီးလောင်တာဖြစ်ပြီး ၀ါယာရှော့ခ်ကြောင့် မီးလောင်တာဖြစ်နိုင်တယ်လို့ ရဲဌာန ပြောခွင့်ရသူ မို့ကာတာက ပြောပါတယ်။

စာသင်ကျောင်းဟာ ကိုရန်ကျမ်း သင်ကြားပေးရာ အစ္စလာမ်ကျောင်းဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

မီးလောင်မှုအတွင်းမှာ နှစ်ဦး အသက်ရှင်ပြီး ဆေးရုံမှာ တင်ထားကုသပေးနေတယ်လို့ ၎င်းက ပြောပါတယ်။

သေဆုံးသူ အများစုဟာ ၁၈ အောက် ကျောင်းသားများဖြစ်တယ်လို့ ရဲက ပြောပါတယ်။

မြို့တော် မွန်ရိုးဗီးယားအပြင်ဖက် ပေနက်ဗေးမြို့မှာ ဖြစ်ပွားတဲ့ အဆိုပါ စာသင်ကျောင်းမီးလောင်မှုကို လိုက်ဘေးရီးယားသမ္မတ ဂျော့ဝတ်စ်က တွစ်တာကနေ ရေးသားခဲ့ပါတယ်။

“ကျန်ရစ်သူ မိသားစုတွေနဲ့ လိုက်ဘေးရီးယားနိုင်ငံသားအားလုံးအတွက် စိတ်မကောင်းစရာ အချိန်ကာလပါပဲ။”လို့ သမ္မတက တွစ်တာကနေ ရေးသားပါတယ်။

အစောပိုင်းမှာ ရဲက ထုတ်ပြန်ရာမှာ ကလေးငယ် ၂၇ ဦး သေဆုံးတယ်လို့ ဖြစ်ပေမယ့် နောက်ပိုင်းမှာ ကလေး ၂၆ ဦးနဲပ ဆရာတစ်ဦး သေဆုံးတာဖြစ်ကြောင်း ပြင်ဆင်ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly