BreadTalk ရဲ့ လေးဆိုင်မြောက်ဆိုင်ခွဲအသစ်

BreadTalk ရဲ့ လေးဆိုင်မြောက်ဆိုင်ခွဲအသစ်

(Advertorial)

BreadTalk ဟာ စင်ကာပူနိုင်ငံမှာ စတင်လိုက်တဲ့ Bakery လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

နို်င်ငံတကာက အသိအမှတ်ပြုထားတဲ့ Brand တစ်ခုဖြစ်ပြီး ပေါင်မုန့်လောကမှာ အလွှမ်းမိုးနိုင်ဆုံးဖြစ်နေတဲ့ BreadTalk ဟာ မြန်မာနိုင်ငံမှာ လေးဆိုင်မြောက် ဆိုင်ခွဲသစ်ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ။

ပေါင်မုန့်ကြိုက်သူတွေကြားထဲမှာ ရေပန်းစားလှတဲ့ BreadTalk ဟာ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ကုန်ကြမ်းတွေကိုသုံးပြီး အရသာစုံ၊ ပုံစံအမျိုးစုံရှိတဲ့ ပေါင်မုန့်နဲ့ ကိတ်မုန့်တွေကို ဖန်တီးထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် Breakfast Set, Whole Grain ပေါင်မုန့်၊ Japan Light Cheese Cake နှင့် Hawaiian Pizza များကတော့ BreadTalk ရဲ့နာမည်ကြီးလူကြိုက်အများဆုံးမုန့်များပဲဖြစ်ပါတယ်။

BreadTalk ရဲ့ ကောင်းမွန်တဲ့အရသာ၊ တူညီတဲ့ အစားအသောက်တီထွင်ဖန်တီးမှုတွေနဲ့ ဝန်ဆောင်မှုတွေကို BreadTalk Myanmar ဆိုင်ခွဲအားလုံးမှာ တစ်သားတည်းဖြစ်အောင် ပြင်ဆင်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး BreadTalk ဆိုင်ကို ရန်ကုန်မြို့က Junction City ၊ ဒုတိယဆိုင်ခွဲကို Junction Square၊ တတိယဆိုင်ခွဲကို Myanmar Plaza နဲ့ အခု စတုတ္ထမြောက် ဆိုင်ခွဲကို အမှတ် ၃၅ (စီ)၊ ရန်ကုန်အင်းစိန်လမ်းမကြီး၊ လှည်းတန်းနဲ့ စံရိပ်ငြိမ်ကြား၊ ကမာရွတ်မြို့နယ်မှာ ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ပေါင်မုန့်စားသုံးနှစ်သက်သူတွေကို သတင်းကောင်းလေး ပါးလိုက်ရပါတယ်။

BreadTalk ရဲ့ လှည်းတန်းဆိုင်ခွဲဖွင့်ချိန်တွေကတော့ - တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ တနင်္ဂနွေ( မနက် ၇:၃၀ မှ ည ၉:၀၀ ထိ)၊ 
သောကြာ ၊စနေ (မနက် ၇:၃၀ မှ ည ၁၀:၀၀ ထိ) ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly