နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွပစ္စည်းတိုင်းတာစက်များ နယ်စပ်များတွင် တပ်ဆင်မည်

နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွပစ္စည်းတိုင်းတာစက်များ နယ်စပ်များတွင် တပ်ဆင်မည်

အောက်တိုဘာ ၁၅ ရက် ။            ။ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ၏ အကူအညီဖြင့် တရုတ်၊ ထိုင်း၊ အိန္ဒိိယ နယ်စပ်ဒေသများတွင် အကောက်အခွန်ဦးစီးဌာနနှင့် ပူးပေါင်း၍ နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွပစ္စည်းတိုင်းတာသည့်စက်များ တပ်ဆင်ရန် ဆောင်ရွက်နေသည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်ကပြောသည်။

အောက်တိုဘာ ၁၃ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် အာရှဒေသတွင်း နျူကလီးယားလုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ရေး ဒေသတွင်းအစည်းအဝေးဖွင့်ပွဲတွင် ပြောကြားခြင်းဖြစ်သည်။

နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွပစ္စည်းများ တရားမဝင်ရောင်းဝယ်ခြင်းကို ဖော်ထုတ်တားဆီးနိုင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ဦးစားပေးဆောင်ရွက်နေသည်ဟုဆိုသည်။

IAEA နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်းပြုလုပ်သည့် ယင်းဒေသဆိုင်ရာအစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် Nuclear Saety Law မူကြမ်းပြီးစီးခဲ့ပြီဖြစ်ပြီး နည်းဥပဒေကို ရေးဆွဲနေသည်ဟုပြောသည်။

ထို့ပြင် နျူကလီးယားသုတေသနနှင့် အသုံးချဥပဒေကိုလည်း ရေးဆွဲပြီး လက်ရှိအနုမြူစွမ်းအင်ဥပဒေကို အစားထိုးမည်ဟု သိရသည်။

Ref; Myanma Alinn

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags