တိုင်းပြည်၏ နိုင်ငံရေးအခြေအနေကြောင့် ပြည်သူများ သတိဖြင့်နေထိုင်ရန် ရွှေဝါရောင်ဆရာတော် မိန့်ကြား

တိုင်းပြည်၏ နိုင်ငံရေးအခြေအနေကြောင့် ပြည်သူများ သတိဖြင့်နေထိုင်ရန် ရွှေဝါရောင်ဆရာတော် မိန့်ကြား
 ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ။         ။ လက်ရှိတိုင်းပြည်၏ နိုင်ငံရေးအခြေအနေကြောင့် ပြည်သူလူထုအားလုံး သတိကြီးစွာနှင့် နေထိုင်ရန် လိုအပ်ကြောင်း ရွှေဝါရောင်ဆရာတော် ဦးစန္ဒာသီရိ (ခ) ဦးဇင်းပရစ်က မိန့်ကြားခဲ့သည်။

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၁၂)နှစ်မြောက် အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုင်းတွင် ကျင်းပခဲ့ပြီး ရွှေဝါရောင်ဆရာတော် ဦးစန္ဒာသီရိ (ခ) ဦးဇင်းပရစ်က အဆိုပါ အခမ်းအနားတွင် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

''ဒီနေ့တိုင်းပြည်ဟာ အင်မတန်မှ အရေးကြီးတဲ့အခြေအနေ အကျပ်အတည်းကာလတစ်ခုကို ရောက်နေပြီ။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် မပြင်ဆင်ရေး ဘက်နှစ်ဘက်ကြားမှာ ကြီးမားတဲ့ ပဋိပက္ခ နိုင်ငံရေးအခြေအ နေကာလကို ရောက်နေတယ်။ နောက်တစ်ခုက တိုင်းပြည်ဟာ စစ်အာဏာရှင်စနစ်အောက်မှာပဲ ရှိနေသေး တယ်။ ဆရာတော်၊ နောင်တော်သံဃာတွေနဲ့ တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထု ဒကာ၊ ဒကာမတွေအားလုံး မိမိတို့ ဟာ စစ်အာဏာရှင်စနစ်အောက်မှာ ယနေ့အချိန်ထိ ခံနေရဆဲဖြစ်တယ်။ စစ်အာဏာရှင်စနစ်အောက်ကနေ လွှတ်မြောက်ဖို့အတွက် တော်လှန်ရေးသတ္တိတွေ ဆက်လက်ထိန်းသိမ်းထားပြီးမှ ဆောင်ရွက်ကြပါလို့'' ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးစန္ဒာသီရိ (ခ) ဦးဇင်းပုရစ် မှ မိန့်ကြားသည်။

 မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းမြင့်တက်လာမှု၊ လောင်စာဆီစျေးနှုန်းမြင့်တက်လာမှုများကြောင့် တစ်နိုင်ငံလုံးက ပြည်သူလူထုများနှင့် သံဃာထုတစ်ရပ်လုံးပါဝင်ခဲ့ကြသည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတစ်ခု ဖြစ်ပေါ်ခဲ့ရာ ယခုနှစ် စက်တင်ဘာလထဲတွင် အဆိုပါတော်လှန်ရေးမှာ ၁၂ နှစ်ပြည့်ပြီ ဖြစ်သည်။

  ''ဒီ ၁၂နှစ်ပြည့်တဲ့တိုင် ရွှေဝါရောင်တော်လှန်ရေးကာလက တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေ ယနေ့ထိ အပြည့်အဝအကောင်အထည် မဖော်ရသေးဘူး။ ဒီအပေါ်မှာ ကနေ့ပြည်သူလူထုရဲ့ အခြေအနေကို ပြန်ကြည့်တဲ့ အခါ ပြည်သူလူထုက ယနေ့အချိန်ထိ ဖိနှိပ်မှုအောက်မှာပဲ ရှိနေရသေးတယ်။ အရပ်သားအစိုးရ ပေါ်ပေါက်လာ ပြီး စစ်အာဏာရှင်စနစ် မပျောက်သေးတာက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို၌က စစ်အာဏာရှင်စနစ်ပုံသဏ္ဍန် တစ်မျိုးနဲ့ ဖိနှိပ်နေတာပါ။ အဲ့ဒီအတွက် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်။ ရွှေဝါရောင်တော်လှန် ရေး ၁၂ပြည့်မြောက်သည့်တိုင် တောင်းဆိုချက်တွေ မပြည့်မြောက်သေးတာကြောင့် အားလုံး ပူးပေါင်းဆောင် ရွက်ဖို့ လိုအပ်တယ်။'' ဟု ရွှေဝါရောင်ခေါင်းဆောင်ဆရာတော် ဦးစန္ဒာသီရိ (ခ) ဦးဇင်းပုရစ် မှ ဆက်လက် မိန့်ကြားသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းစစ် အပြီး တိုင် ရပ်စဲရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတို့အတွက် သက်ဆိုင် ရာ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ရှိသူများ အားလုံးအနေနှင့် ကြိုတင်စည်းကမ်း သတ်မှတ် ချက် မထားဘဲ စစ်မှန်သည့်တွေ့ဆုံ ညှိနှိုင်းမှုနှင့် ဖြေရှာကြရန် တိုက်တွန်းကြောင်း နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး (၁၂)နှစ် မြောက် သဘောထားထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly