အူရီဒူးမြန်မာနှင့် UNDP Myanmarတို့ ပူးပေါင်း၍ နည်းပညာဆိုင်ရာပြိုင်ပွဲကျင်းပမည်

အူရီဒူးမြန်မာနှင့် UNDP Myanmarတို့ ပူးပေါင်း၍ နည်းပညာဆိုင်ရာပြိုင်ပွဲကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၈ ။        ။ အူရီဒူးမြန်မာနှင့်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP Myanmar)တို့၏ ဒုတိယ အကြိမ်မြောက်The Hackathon နည်းပညာဆိုင်ရာပြိုင်ပွဲကို Impact Hub နှင့်ပူးပေါင်း၍ ရန်ကုန်မြို့ နှင့်မန္တလေးမြို့များတွင် အောက်တိုဘာလ ၁၈ရက်နေ့မှ ၂ဝရက်နေ့အထိ ကျင်းပပြုလုပ် မည်ဖြစ် ကြောင်း သတင်းရရှိသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်လျှောက်လှမ်းရာတွင် နေ့စဉ်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား ပြေ လည်စေနိုင်မည့် လက်တွေ့ကျသောဖြေရှင်းချက်များအား ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ တီထွင် ဖန်တီးနိုင်မှု စွမ်းရည်နှင့်စွန့်ဦးတီထွင်မှုစွမ်းရည်များအား အသုံးပြုကာ ဖန်တီးနိုင်သည့် မြန်မာနိုင်ငံရှိ လူငယ် လူရွယ်များကို အသိအမှတ်ပြုကူညီထောက်ပံ့ပေးရန်ရည်ရွယ်ချက်ဖြင့် The Hackathon 2019 ကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်မှာပါဝင်ကူညီနိုင်မယ့်တစ်ချိန်ထဲမှာပဲကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးချမှတ်ထားတဲ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်တွေကိုလည်းလိုက်နာဆောင်ရွက်ဖို့အတွက်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ UNDP နဲ့ပူးပေါင်းပြီး မနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Hackathon ပြိုင်ပွဲဟာအစဉ်မပြေမှုများစွာရရှိခဲ့တဲ့အတွက် ယခုနှစ်ပြိုင်ပွဲ အတွက် ကိုလည်းအရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ မနှစ်ကအႏိုင်ရရှိသွားတဲ့ ပြိုင်ပွဲဝင်တွေလိုပဲ ဆန်းသစ်ပြီး ထိရောက်တဲ့အတွေးအခေါ်တွေကိုမြင်တွေ့ရမယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်” ဟုအူရီဒူးမြန်မာ၏ CEO Mr. RajeevSethiကပြောကြားသည်။ ယခုနှစ်တွင် ကျင်းပမည့် The Hackathon 2019 သည်မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်သူများ၊ လူငယ် များနှင့် Start ups များအား(၁ ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ (၂) ပညာရေးကဏ္ဍနှင့် (၃) ရာသီဥတု ပြောင်း လဲမှုဆိုင်ရာကဏ္ဍဟူသည့် ကဏ္ဍသုံးရပ်အတွက် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ဖြေရှင်းချက်များ ဖန်တီးရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ကွန်ပျူတာပရိုပရမ်ရေးဆွဲခြင်း၊ ဒီဇိုင်း၊ဆက်သွယ်ရေး၊ လူမှုဖူလုံရေးနှင့် ထိရောက် သော ဖြေရှင်းချက်များအား ဖန်တီးအဖြေရှာလိုသော မည်သူမဆို The Hackathon 2019 ပြိုင်ပွဲတွင် ပါဝင်နိုင်မည်ဟု သိရသည်။

“The Hackathon နည်းပညာပြိုင်ပွဲဟာမြန်မာနိုင်ငံက အထူးချွန်ဆုံးနဲ့ အထက်မြတ်ဆုံးလူတွေကို ရှာဖွေ ဖော်ထုတ်ပြီး ပိုမိုကောင်းမွန်တဲ့မြန်မာနိုင်ငံကို တည်ဆောက်တဲ့နေရာမှာ လိုအပ်တဲ့ ဖြေရှင်း ချက်တွေကို အတူတကွပူးပေါင်းအဖြေရှာပေးနိုင်မယ့် ပလက်ဖောင်း တစ်ခုကို တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ UNDP နဲ့အူရီဒူးမြန်မာတို့ပူးပေါင်းပြုလုပ်တဲ့ ဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ယခုလိုကောင်းမွန်တဲ့အစီအစဉ်တစ်ခုကို ၂၀၁၉ခုနှစ်မှာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ဝမ်းမြောက်မိပြီး ပြိုင်ပွဲဝင်တွေဆီက အဆန်းသစ်ဆုံး အိုင်ဒီယာတွေကို မြင်တွေ့ရတော့မယ့်အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်”ဟု UNDP ၏ Resident Representative ဖြစ်သူ Mr. Peter Batchelor ကပြောကြားခဲ့သည်။

ထို့အပြင် ပြိုင်ပွဲဝင်တို့၏အတွေ့အကြုံအပေါ် မူတည်၍ပြိုင်ပွဲဝင်များအား အငယ်တန်းအဆင့်နှင့် ပညာ ရှင်အဆင့်ဟူ၍သတ်မှတ်ပိုင်းခြားသွားမည်ဖြစ်ပြီး အဆင့်တစ်ခုချင်းစီမှ အနိုင်ရရှိသည့် အဖွဲ့သုံးဖွဲ့ကို ၎င်းတို့၏ စီမံကိန်းများအား ဆက်လက်လုပ်ကိုင်ရန်ငွေကြေးထောက်ပံ့များပြုလုပ်ပေးမည်ဖြစ်ပြီး အူရီဒူး နှင့် UNDPတို့မှပူးပေါင်းပြုလုပ်သွားမည့် ဖွံ့ဖြိုးတိုးတက်မှုသင်တန်းကိုလည်း တက်ရောက်သင်ယူခွင့် ရရှိသွားမည်ဟု သိရသည်။
The Hackathon သည်မြန်မာနိုင်ငံမှလူငယ်များ၏ ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင် နိုင်စွမ်းနှင့်စွန့်ဦးတီထွင်နိုင်စွမ်းများအားမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့်အူရီဒူးမြန်မာနှင့် UNDP တို့မှပူးပေါင်းပြုလုပ်သည့် အထူးအစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှလူငယ်များ၏ဆန်းသစ်သောအိုင်ဒီယာများအားဖော်ထုတ်ပေးနိုင်ရန် ထိုမှတဆင့် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးချမှတ်ထားသည့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များအားမြန်မာနိုင်ငံ တွင်ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ဖန်တီးပုံဖော်နိုင်ရန်ရည်ရွယ်ချက်ဖြင့်ဤအစီအစဉ်အားကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

The Hackathon 2019 နည်းပညာပြိုင်ပွဲအတွက် ပိုမိုသိရှိလိုပါက www.thehackathon2019.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီးပြိုင်ပွဲအတွက် လျှောက်လွှာများကို ၂၀၁၉ခုနှစ်အောက်တိုဘာလ ၄ရက် နေ့အထိလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly