ဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၏ အရည်အချင်းကိုပါ ၅၉(စ)ကဲ့သို့ ကန့်သတ်ရန် တပ်မတော် ကြိုးပမ်း

18 September 2019
ဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၏ အရည်အချင်းကိုပါ ၅၉(စ)ကဲ့သို့ ကန့်သတ်ရန် တပ်မတော် ကြိုးပမ်း

 သမ္မတအရည်အချင်းသတ်မှတ်ချက်ဖြစ်သော အခြေခံဥပဒေပုဒ်မ ၅၉(စ)ကဲ့သို့ပင် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၏ အရည်အချင်းကိုပါ အလားတူ ကန့်သတ်မည့် အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်သည်။

 အခြေခံဥပဒေပါ ပြည်ထောင်စုဝန်ကြီးများ အရည်အချင်းသတ်မှတ်ချက် ပုဒ်မဖြစ်သော ၂၃၂(က)နှင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးများ၏ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၂၆၁(က)တို့တွင် မိမိကိုယ်တိုင်၊ မိဘ၊ အိမ်ထောင်ဖက်၊ သားသမီး၊ ချွေးမနှင့် သားမက်တို့သည် နိုင်ငံခြားသား မဖြစ်ရ ဟူသည့် ကန့်သတ်ချက်ကိုပါ ထည့်သွင်းရန် တပ်မတော်က အဆိုပြုလိုက်ခြင်း ဖြစ်သည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60588

ရိုက်ကူး/တည်းဖြတ် - မင်းမင်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly