အိမ်မွေးခွေးများကို မှတ်ပုံတင် ပြုလုပ်ပေးရန် မန္တလေးတိုင်းအစိုးရထံ ခွင့်တောင်း

အိမ်မွေးခွေးများကို မှတ်ပုံတင် ပြုလုပ်ပေးရန် မန္တလေးတိုင်းအစိုးရထံ ခွင့်တောင်း
Photo: Nyein Chan Naing/EPA

မန္တလေး(စက်တင်ဘာ ၁ရရက်၊ ၂၀၁၉ခုနှစ်)။ ။ ပိုင်ရှင်မဲ့ လမ်းဘေးခွေးများ ရှင်းလင်းရာတွင် အိမ်မွေးခွေးများကို မှတ်ပုံတင် ပြုလုပ်ပေးနိုင်ရန် တိုင်းအစိုးရထံ ခွင့်ပြုချက် တောင်းခံထားသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“အိမ်မွေးတိရိစ္ဆာန် အထူးသဖြင့် ခွေးတွေပေါ့။ စနစ်တကျလေးဖြစ်သွားအောင်လို့ မှတ်ပုံတင်ပေးမှာပါ။ မှတ်ပုံတင်မှ မွေးရမှာတော့ မဟုတ်ပါဘူး” ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

စည်ပင်က လမ်းဘေးခွေးများကို ရှင်းလင်းရာတွင် စနစ်တကျ မွေးမြူထားသည့် အိမ်မွေးခွေးများ မပါရှိစေရန် ထိုသို့ အိမ်မွေးခွေးများကို မှတ်ပုံတင်ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

မှတ်ပုံတင်ထားသည့် ခွေးများကို နံပါတ်ပါသည့် လည်ပတ်များ ထုတ်ပေးသွားမည် ဖြစ်ကာ စနစ်တကျ မွေးထားသည့် ခွေးအဖြစ် သတ်မှတ်ကာ ကာကွယ်ဆေးနှင့်ပတ်သက်သည့် ကျန်းမာရေးဆောင်ရွက်မှုများ လုပ်ဆောင်ရာတွင်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

လက်ရှိတွင်မူ အိမ်မွေးခွေးများ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် ပတ်သက်ပြီး မန္တလေးတိုင်းအစိုးရအဖွဲ့က တစ်စုံတစ်ရာ အကြောင်းပြန်ကြားလာခြင်း မရှိသေးပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly