မကွေးတွင် လူလေးဦးမှ ဓားဖြင့်လိုက်ထိုးသောကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာများရရှိ

မကွေးတွင် လူလေးဦးမှ ဓားဖြင့်လိုက်ထိုးသောကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာများရရှိ

မကွေး၊ စက်တင်ဘာ ၁၇ ။           ။ မကွေးမြို့ရှိ လူစည်ကားရာ နေရာသုံးခုတွင် လူလေးဦးမှ ဒေသခံပြည်သူများနှင့် ကျောင်းသားများကို ဓားဖြင့် လိုက်လံထိုးခဲ့သောကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

စက်တင်ဘာ(၁၆)ရက်နေ့တွင် မကွေးမြို့ပေါ်ရှိလူစည်ကားရာ နေရာသုံးခု၌ ဓားကိုင်ထားသည့် လူလေးဦးမှ ဒေသခံပြည်သူများကိုလိုက်လံနှောက်ယှက်ကာ ဓားနှင့် ထိုးခဲ့သဖြင့် လူ(၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း မကွေးမြို့မ ရဲစခန်းမှ စခန်းမှူးဒုရဲမှူးမိုးဇော်နိင် ပြောသည်။

ဓားမြောင်ဆောင်ထားသည့်လူ(၄)ဦးသည် စက်တင်ဘာလ ၁၆ရက် ညနေ(၄)နာရီခန့်တွင် မကွေးမြို့ပန်းခြံ အတွင်းရှိ လူတစ်ဦးကို လက်သီးဖြင့်ဝိုင်းထိုးခဲ့ပြီး KTV တစ်ခုသို့သွားခဲ့ကြောင်း၊ ထိုမှပြန်လာပြီးနောက် ည (၈) နာရီခန့်တွင် ကန်သာကန်ဘောင်၌ လမ်းလျောက်နေကြသော မကွေးတက္ကသိုလ်မှကျောင်းသားနှစ်ဦးနှင့် ကျောင်းသူ နှစ်ဦးကိုလိုက်လံနှောက်ယှက်သဖြင့် ကျောင်းသူနှစ်ဦးမှ ထွက်ပြေးစဉ် ကျောင်းသား နိုင်မျိုးထက်ဆိုသူအား ဓားဖြင့်ထိုးသဖြင့် ပေါင်၏ ဝဲဘက်တွင်ထိုးသွင်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုအပြင်တက္ကသိုလ် ကျောင်းသား ထက်အာကာအား ဓားဖြင့်လိုက်လံထိုးရာ ပေါင်၏ဝဲဘက်တွင်ထိုးသွင်းဒဏ်ရာ (၄)ချက်၊ ယာဘက်(၁)ချက်နှင့် ဝဲမေးစေ့ပြတ်သွင်းဒဏ်ရာတစ်ချက်ရခဲ့သည်။ထိုနောက်အဆိုပါလူလေးဦး သည် မကွေးမြို့ ၊ ကမ်းနားလမ်းရှိ ကျောက်သားဥယျာဉ်အနီးတွင် လူတစ်ဦးအား ဓားဖြင့်ထပ်မံထိုးသဖြင့်ပေါင်များတွင်ဒဏ်ရာနှစ်ချက်ရရှိခဲ့ကြောင်း မကွေး မြို့မရဲစခန်းမှသိရသည်။

“ပြစ်မှုကျူးလွန်သူလေးဦးထဲက (၂)ဦးကို နာရီပိုင်းအတွင်း ဖမ်းမိပါတယ်။ လွတ်နေတဲ့နှစ်ဦးကိုတော့ သူတို့ သွားတတ်လာတတ်တဲ့ အိမ်တွေကို လိုက်စုံစမ်းတယ်။ မြို့အဝင်အထွက်တွေကိုလည်း ပိတ်ဆို့ရှာဖွေ စစ်ဆေးနေပါတယ်။ သူတို့ကိုဖမ်းမိဖို့ နီးစပ်ရာမြို့နယ်တွေကို နယ်ထိန်းViber Group ကနေ အကူအညီတောင်းခံ ထားပါတယ်”ဟု မကွေးမြို့၊ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်သူလေးဦးကို မကွေးမြို့မရဲစခန်းတွင် (ပ)၁၆၄၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ဖြင့်လည်းကောင်း၊ (ပ)၁၆၅၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၄၂/ ၃၂၃/ ၁၁၄ဖြင့်လည်ကောင်း ၊ (ပ)၁၆၄၉/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆၊ ၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly