ကမ္ဘာ့အကောင်းဆုံးတွဲဆိုင်းများနှင့် ONE: CENTURY PART-2

ကမ္ဘာ့အကောင်းဆုံးတွဲဆိုင်းများနှင့် ONE: CENTURY PART-2

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ ့အစည်း ONE Championship သည် ၎င်းတို့၏သမိုင်းတစ်လျှောက် ပြိုင်ပွဲ ၁၀၀ ပြည့်အ ဖြစ် အကြီးကျယ်၊ အခမ်းနားဆုံးသော ပြိုင်ပွဲကြီးကို အောက်တိုဘာလ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ONE: CENTURY ပြိုင်ပွဲ၌ ကိုယ်ခံပညာသိုင်းပေါင်းစုံလောကတွင် တစ်ကြိမ်မှမရှိဖူးသည့် တွဲဆိုင်း ၁၁ ဆိုင်းစီကို PART-1 နှင့် PART-2 ဟူ၍ နှစ်ပိုင်းခွဲတင်ဆက်သွားမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံလုပွဲ ၇ ပွဲအပါအဝင် အခြားစိတ်ဝင်စားစရာ တွဲဆိုင်းများဖြင့် တင်ဆက်သွားမည်ဖြစ်သည်။

ONE: CENTURY ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား ၄၄ ဦးအနက် ၂၇ ဦးမှာ ကမ္ဘာ့ချန်ပီယံများဖြစ်သလို တိုက်စစ်ဗျူ ဟာခင်းကျင်းကာ ရေကုန်ရေခမ်း ယှဉ်ပြိုင်တတ်သူများဖြစ်ခြင်းေကြာင့် ပရိသတ်အကြိုက် ပွဲကြီးပွဲကောင်းများဖြစ်လာမည်က သေချာနေသည်။ PART-2 ၏ အဓိကတွဲဆိုင်းက မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ "မြန်မာ့စပါးအုံး" အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်းခါးပတ်ကို စိန်ခေါ်လာသူ ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်အားကစားသမား Brandon "The Truth" Vera တို့ ယှဉ်ပြိုင်ကြမည့်တွဲဆိုင်း ဖြစ်သည်။

၎င်းတို့နှစ်ယောက်၏ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲနှင့် အခြားကမ္ဘာ့ချန်ပီယံလုပွဲ ၃ ပွဲအပြင် ကျန်တွဲဆိုင်း ၇ ဆိုင်းကလည်း ပြိုင်ဆိုင်မှုပြင်းထန်မည်ဖြစ်ေသာကြောင့် PART-2 ၏ စိတ်ဝင်စားစရာ တွဲဆိုင်း ၅ ဆိုင်းအကြောင်း ဖော်ပြလိုက်ပါသည်။

၁။ Vera ၏ ဝိတ်တန်း၂ ခုချန်ပီယံ အိမ်မက်ကို ဟန့်တားရမည့် အောင်လ

၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်က တိုကျိုတွင်ပင်ပြုလုပ်ခဲ့သော ONE: A NEW ERA ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းဖြစ်သည့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံတွဲဆိုင်းအပြီး ထင်မှတ်မထားသည့်ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့သည်။ စိန်ခေါ်သူ အိမ်ရှင်ဂျပန်အား ကစားသမား Ken Hasegawa ကို ဒုတိယအချီမှာပင် ဒိုင်ပွဲရပ်အနိုင်ယူကာ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သော အောင်လအန် ဆန်ကို အမေရိကန်တွင်မွေးဖွားကာ UFC ပြိုင်ပွဲများယှဉ်ပြိုင်ဖူးသည့် Vera က ကြိုးဝိုင်းအတွင်းဝင်ရောက်ကာ တရားဝင် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။

ထိုစိန်ခေါ်မှုကို အောင်လကလည်း မဆိုင်းမတွလက်ခံကာ ONE သမိုင်းတစ်လျှောက် အကောင်းဆုံးနှင့် အကြီးကျယ်ဆုံးဖြစ်လာမည့် လိုက်ဟဲဗီးဝိတ်တန်းတွဲဆိုင်းကြီးကို အတည်ပြုပေးခဲ့သည်။ မြစ်ကြီးနားတွင်မွေးဖွားသော ကချင်တိုင်းရင်းသား အောင်လမှာ ONE တွင် ၆ ပွဲဆက်တိုက်အနိုင်ရထားသလို Vera နှင့်ပွဲအတွက် ကိုယ်အလေးချိန်တိုးကာ လေ့ကျင့်ထားသော်လည်း အကောင်းဆုံးအနေအထားဖြင့် ယှဉ်ပြိုင်မည်ဟု ကြုံးဝါးထားသည်။

Vera ကလည်း ONE သို့ရောက်ရှိလာချိန်မှစ၍ ယှဉ်ပြိုင်ထားသည့် ၄ ပွဲစလုံးကို အလဲထိုးနိုင်ပွဲများဖြင့် အဆုံးသတ်ထားသူဖြစ်ရာ ၎င်းတို့ နှစ်ယောက်၏ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲက အကြမ်းတမ်းဆုံးတွဲဆိုင်းတစ်ခုဖြစ်လာမည်က သေချာနေသည်။ အောင်လရော၊ Vera သည် မတ်တပ်ရပ်ယှဉ်ပြိုင်ရာတွင်ရော၊ မြေပြင်ချုပ်ကွက် အလဲထိုးဗျူဟာပိုင်းတွင်ပါ အထူးကျွမ်းကျင်သူများဖြစ်သည်။

Vera သည် ONE ၏ အကြီးမားဆုံးဝိတ်တန်းနှစ်ခုဖြစ်သည့် ဟဲဗီးဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့တွင် ကမ္ဘာ့ချန်ပီယံခါးပတ်များရယူရန်ရည်မှန်းထားသည်။ ထို့ကြောင့် ထိုသို့ဖြစ်လာရန်အတွက် " မြန်မာ့စပါးအုံး " ကို မဖြစ်မနေ အနိုင်ယူကျော်ဖြတ်ရမည်ဖြစ်သည်။

အောင်လကလည်း ချန်ပီယံဆုကို အလွယ်တကူ လက်လွတ်ခံမည်မဟုတ်ဘဲ ကာကွယ်သွားမည်ဖြစ်ရာ ၎င်းတို့၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲက စောင့်ကြည့်ချင်စရာအကောင်းဆုံးတွဲဆိုင်းဖြစ်သည်။

၂။ Fernandes နှင့် Belingon တို့၏ တတိယအကြိမ်မကြေပွဲ

ဘရာဇီးလ်အားကစားသမား Bibiano "The Flash" Fernandes သည် ဂျူဂျစ်ဆုကျွမ်းကျင်သူဖြစ်ပြီး ယခု တွေ့ဆုံရမည့် ဖိလစ်ပိုင်အားက စားသမား Kevin Belingon နှင့် ၂ ကြိမ်ယှဉ်ပြိုင်ဖူးသည်။ ပထမတစ်ကြိမ်ယှဉ်ပြိုင်စဉ် ဒိုင်လူကြီး ၃ ဦးအနက် ၁ ဦးကသာ အနိုင်ပေးသောကြောင့် ONE ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆုံးရှုံးခဲ့ဖူးသည်။

သို့သော် ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်က တိုကျိုတွင်ပြုလုပ်သော ONE: A NEW ERA ပြိုင်ပွဲ၏ မကြေပွဲစဉ်တွင်မူ တတိယအချီ၌ Belingon က ဘရာဇီးလ်ကစားသမား၏ဦးခေါင်းကို အနောက်ဖက်မှ တံတောင်ဖြင့်ရိုက်ခဲ့သောကြောင့် အရှုံးပေးခဲ့ရ သည်။ ခွင့်ပြုမထားသောတိုက်ကွက်ကို အသုံးပြုခဲ့သောကြောင့် ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရသော Team Lakay အသင်းသား Belingon အတွက် မကြေပွဲနွှဲရန် အခွင့်အရေးကို စောင့်ဆိုင်းခဲ့ရသည်။

ယခုမူ မျှော်လင့်ထားသောအခွင့်အရေးက အမှန်တကယ်ဖြစ်ပေါ်လာခဲ့ပြီး ၆ လကျော်ကာလအတွင်း တတိယအကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ဗီယက်နမ်- သြစတြေးလျ အားကစားသမား Martin "The Situ-Asian" Nguyen ကို အနိုင်ယူဖူးသော Belingon ရော၊ ကိုယ်ခံပညာရပ်ပေါင်းစုံ၏ နည်းဗျူဟာပေါင်းစုံကို ကျွမ်းကျင်ပိုင်နိုင်သူ Fernandes ပါ ဒုတိယအကြိမ်တွေ့ဆုံပြီးကတည်းက ပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် ၆ လကျော်ကာလအတွင်း တတိယအကြိမ်ဆုံတွေ့မည့် မကြေပွဲအတွက် နှစ်ဦးစလုံး အားမာန်အပြည့်ဖြင့် အသေအချာလေ့ ကျင့်ခွင့်ရထားသည်။ တစ်ဦး၏အကြောင်းကို တစ်ဦးက အသေးစိတ်သိရှိထားသူများဖြစ်ရာ Fernandes နှင့် Belingon တို့၏ ဘန်တန် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွဲဆိုင်းက မျက်တောင်မခတ်စတမ်း စောင့်ကြည့်သွားရမည်ဖြစ်သည်။

၃။ ဒေါ်လာ ၁ သန်းကိုလုမည့် ဥရောပသားများ

ဖယ်သာဝိတ်တန်း Kick Boxing ဂရင်းပရီဗိုလ်လုပွဲအဖြစ် အီတလီအားကစားသမား Giorgio "The Doctor" Petrosyan နှင့် ပြင်သစ်အားကစားသမား Samy "AK 47" Sana တို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ Kick Boxing နှင့်မွေထိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာထိုးသတ်နိုင်သော Petrosyan သည် ဘယ်သန်တစ်ယောက်ဖြစ်သလို နည်းစနစ်ပိုင်းကျွမ်းကျင်မှု၊ အကောင်းဆုံးကစားသမားများကို အထိအခိုက်မရှိဘဲ တိုက်စစ်စွမ်းရည်ဖြင့် အနိုင်ရယူထားမှုများကြောင့် ကြိုးဝိုင်းနာမည်အတိုင်း ကိုယ်ခံပညာရပ်နယ်ပယ်တွင် ဆရာတစ်ဆူပမာ ထင်ရှားသည်။

ဗိုလ်လုပွဲသို့ ချီတက်ရာလမ်းကြောင်းတွင် နာမည်ကျော် ထိုင်းကစားသမားများဖြစ်သည့် Jo Nattawut နှင့် Petchmorakot Petchyindee Academy တို့ကို အနိုင်ယူကျော်ဖြတ်လာသူဖြစ်သည်။ ဘယ်လက်သီးအပြင် ဘယ်ခြေကန်ချက်များကလည်း မည်သည့်ပြိုင်ဘက်ကိုမ ဆို ပြိုလဲနိုင်စွမ်းရှိသည်။

Sana မှာလည်း မွေထိုင်းနှင့် Kick Boxing လောကတွင် ထင်ရှားသူဖြစ်ပြီး ပြိုင်ဘက်များအပေါ် ရက်စက်ကြမ်းကြုတ်သောနည်းဗျူ ဟာဖြင့် ယှဉ်ပြိုင်တတ်သူဖြစ်သည်။ အထူးသဖြင့် စက်သေနတ်တစ်လက်လို လျင်မြန်သောအဟုန်ဖြင့် အသုံးပြုနိုင်သော လက်သီးထိုး ချက်များ၊ ခြေကန်ချက်များကြောင့် "AK 47" ဆိုသည့် ကြိုးဝိုင်းအမည်နှင့် လိုက်ဖက်ညီလှသည်။

၎င်းသည် ထိုင်းအားကစားသမား Yodsanklai IWE Fairtex ၊ ရုရှားအားကစားသမား “Genghis Khan” Dzhabar Askerov တို့ကို အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။ ယခုပွဲတွင်အနိုင်ရသူကို ဆုကြေး ဒေါ်လာ ၁ သန်းပေးအပ်သွားမည်ဖြစ်ရာ ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်လာပေလိမ့်မည်။

၄။ The Iron Man ၏ ပထမဆုံး သရဖူကာကွယ်ပွဲ

ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံတွဲဆိုင်းက စိတ်ဝင်စားစရာကောင်းသည်။ လက်ရှိချန်ပီယံ ထိုင်းအားကစားသမား Rodtang "The Iron Man" Jitmuangnon သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း အင်္ဂလန်အားကစားသမား Jonathan Haggerty ကိုအနိုင်ယူကာ ONE ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ပြီးနောက် ပထမဆုံးသရဖူကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ ဘရာဇီးလ်အားကစား သမား Walter Goncalves နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Jitmuangnon သည် အသက် ၇ နှစ်အရွယ်ကတည်းက ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ပြီး အသက် ၂၂ နှစ်အရွယ်မှာပင် ပွဲ ၂၅၀ ကျော်အနိုင်ရထား သလို ဂုဏ်သတင်းကြီးလှသော Omnoi Stadium ၏ မွေထိုင်းကမ္ဘာ့ချန်ပီယံဆုကို ၂ ကြိမ်တိုင်ရယူထားသည်။ ငယ်ရွယ်သော်လည်း ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်သူ ၎င်းကို စိန်ခေါ်လာသူက ထိုင်းနိုင်ငံတွင်အခြေစိုက်ကာ မွေထိုင်းပွဲပေါင်းများစွာယှဉ်ပြိုင်ထားသူ Goncalves ဖြစ်သည်။

ဘရာဇီးလ်နိုင်ငံတွင် မွေထိုင်းနည်းပြဆရာအဖြစ် အသက်မွေးနေသူ ဖခင်ထံမှ ထိုင်းရိုးရာကိုယ်ခံပညာရပ်ကို လေ့လာသင်ယူခဲ့သော Goncalves သည် ၎င်း၏အိပ်မက်များကို အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံသို့လာရောက်ကာ အကောင်းဆုံး Gym များ၊ အကောင်းဆုံးကစားသမားများနှင့်တွဲဖက်ကာ ပြိုင်ပွဲများလေ့ကျင့်ယှဉ်ပြိုင်ခဲ့ သည်။ နိုင်ပွဲများဆက်တိုက်ရရှိကာ ခဏတာအတွင်း အောင်မြင်လာသော Goncalves သည် WPMF နှင့် MX Muay Extreme ချန်ပီယံခါးပတ်များကိုရယူထားရာ Jitmuangnon အတွက် ခက်ခက်ခဲခဲယှဉ်ပြိုင်ရမည့် ပြိုင်ဘက်တစ်ဦးဟု ဆိုနိုင်သည်။

လက်ရှိချန်ပီယံ Jitmuangnon ၏ ပထမဆုံး ချန်ပီယံကာကွယ်ပွဲက မွေထိုင်းကိုကျွမ်းကျွမ်းကျင်ကျင်ထိုးသတ်နိုင်သော Goncalves နှင့်ဖြစ်နေရာ ၎င်းတို့တွဲဆိုင်းက ရင်သပ်ရှုမောစရာပင်။

၅။ ဂျပန်ပရိသတ်များရှေ့မှောက် နိုင်ပွဲပြန်ရှာရမည့် Aoki

ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ၂ ကြိမ်ရရှိဖူးသော ဂျပန်အားကစားသမား Shinya “Tobikan Judan” Aoki သည် လိုက် ဝိတ်တန်း ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲစဉ်အဖြစ် ဖိလစ်ပိုင်အားကစားသမား Honorio “The Rock” Banario နှင့် ယှဉ်ပြိုင်သွားမည်ဖြစ် သည်။ ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်သူ Aoki သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်ကပြုလုပ်ခဲ့သော ONE: ENTER THE DRAGON ပြိုင်ပွဲ တွင် အိမ်ရှင် စင်ကာပူအားကစားသမား Christian “The Warrior” Lee ကို ဒုတိယအချီတွင်ရှုံးနိမ့်ကာ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံဆုကို လွှဲပြောင်းပေးခဲ့ရသည်။

ချန်ပီယံဆုကို ဒုတိယအကြိမ်ရယူစဉ်က တိုကျိုတွင် ဖိလစ်ပိုင်အားကစားသမား Eduard “Landslide” Folayang ကို အနိုင်ရခဲ့သော ၎င်းအတွက် စိန်ခေါ်သူအဆင့်သို့ ပြန်လည်တက်လှမ်းနိုင်ရေးလမ်းကြောင်း တွင် နောက်ထပ် ဖိလစ်ပိုင်အားကစားသမားတစ်ဦးဖြစ်သည့် Banario နှင့် ဆုံတွေ့နေခြင်းက စိတ်ဝင်စားစရာကောင်းနေသည်။ နာမည်ကျော် Team Lakay အသင်းသား Banario မှာ ONE ဖယ် သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းတစ်ယောက်ဖြစ်သလို ကြိုးဝိုင်းနာမည်နှင့်လိုက်ဖက်သော မာဂုဏ်မြင့်ကစားသမားတစ်ယောက် လည်းဖြစ်သည်။

ကမ္ဘာ့ချန်ပီယံဟောင်းနှစ်ဦး၏တွဲဆိုင်းက အနာဂတ်ခရီးလမ်းအတွက် အင်မတန်အရေးကြီးနေရာ မည်သူအနိုင်ယူနိုင်မလဲဆိုသည်က စိတ်ဝင်စားစရာကောင်းလွန်းနေသည်။

ONE: Century Part I နှင့် Century Part II ကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိဳင်ပွဲကြီးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပြိုင်ပွဲကြီးဟု ဆိုနိုင်သလို ကိုယ်ခံပညာရပ်ပေါင်းစုံတွင် ကျင်လည်ကျက်စားလျက်ရှိသည့် ကမ္ဘာ့ချန်ပီယံ ၂၈ ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly