တောင်ကိုရီးယား အတိုက်အခံ ခေါင်းဆောင်က ခေါင်းတုံးတုံးပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြ

By AFP
16 September 2019
တောင်ကိုရီးယား အတိုက်အခံ ခေါင်းဆောင်က ခေါင်းတုံးတုံးပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြ
Photos: AFP

ဆိုးလ်၊ စက်တင်ဘာ ၁၆

တောင်ကိုရီးယားနိုင်ငံမှာ တရားရေးဝန်ကြီးသစ် ခန့်အပ်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားလျက် ရှိနေရာမှာ အဓိက အတိုက်အခံပါတီရဲ့ ခေါင်းဆောင်ဖြစ်သူက တနင်္လာနေ့မှာ ခေါင်းတုံးတုံးပစ်ပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြပါတယ်။

အသစ်ခန့်အပ်တဲ့ တရားရေးဝန်ကြီးရဲ့ မိသားစုတွေအပေါ် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေ ရှိထားတာကြောင့် အငြင်းပွားဖွယ် ဖြစ်နေတာပါ။

ဥပဒေပါမောက္ခ ချိုကက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကစလို့ နိုင်ငံရဲ့ တရားရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းနေပြီ ဖြစ်ပါတယ်။

ချိုကက်ရဲ့ သမီးဖြစ်သူတစ်ဦးရဲ့ ကျောင်းပညာရေးနဲ့ မယုံကြည်ရတဲ့ ပုဂ္ဂလိက ရှယ်ယာကုမ္ပဏီတစ်ရပ်မှာ ရင်းနှီးမြုပ်နှံထားမှုတွေနဲ့ ပတ်သက်ပြီး အစိုးရရှေ့နေတွေက စစ်ဆေးကြားနာနေချိန် ၎င်းကို တရားရေးဝန်ကြီးအဖြစ် ခန့်အပ်လာတာ ဖြစ်ပါတယ်။

ဒီလို ခန့်အပ်မှုကြောင့် အတိုက်အခံ လွှတ်တော်အမတ်တွေအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်နေပြီး ပါလီမန်ထဲမှာလည် သိသိသာသာ သဘောထားကွဲပြားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာတော့ အဓိက အတိုက်အခံပါတီ Liberty Korea ပါတီရဲ့ ခေါင်းဆောင် ဟောင်ကျိုအန်းက ရာဇဝတ်သား ချိုကက်ကို ရာထူးက ထုတ်ပယ်ရေးဆိုကာ တောင်းဆိုရင်း ခေါင်းတုံးတုံးခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံတော် သီချင်းကို ဖွင့်ထားတဲ့အချိိန် ပြောင်ရှင်းအောင် ရိတ်ထားတဲ့ ကတုံးနဲ့  ဟောင်ကျိုအန်းဟာ တင်းမာခက်ထန်တဲ့ မျက်နှာနဲ့ သမ္မတအိမ်တော်ရာ အိမ်ပြာတော် အပြင်ဖက်ကို ရောက်လာခဲ့ပါတယ်။

“ကျွန်တော် ခေါင်းတုံးတုံးပြီး ဒီနေရာကနေ သစ္စာပြုတယ်။ ကျွန်တော် ဘယ်တော့မှ နောက်ကြောင်းမပြန်ဘူး။”လို့ လူအုပ်စုကို ဟောင်ကျိုအန်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly