ပြုံယမ်းကို လာရောက်လည်ပတ်ဖို့ ဒေါ်နယ်ထရမ့်ကို ကင်မ်ဂျုံအန်း ဖိတ်ကြားထားဟု ဆို

By CNA
16 September 2019
ပြုံယမ်းကို လာရောက်လည်ပတ်ဖို့ ဒေါ်နယ်ထရမ့်ကို ကင်မ်ဂျုံအန်း ဖိတ်ကြားထားဟု ဆို

စက်တင်ဘာ ၁၆ ။        ။ ပြုံယမ်းကို လာရောက်လည်ပတ်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

အဆိုပါ ဖိတ်ကြားမှုကို ပြီးခဲ့တဲ့ သြဂုတ်လက ပေးပို့တဲ့ စာတစ်စောင်ထဲမှာ ထည့်သွင်းဖော်ပြထားခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယား သံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး တောင်ကိုရီးယား သတင်းစာတစ်စောင်က စက်တင်ဘာ ၁၆ ရက်မှာ ဖော်ပြပါတယ်။

နျူကလီးယား ဖျက်သိမ်းရေး ဆိုင်ရာ ဆွေးနွေးမှုတွေမှာ နှစ်နိုင်ငံအကြား ရှေ့မဆက်နိုင်ဘဲ တန့်အီနေလျက် ရှိခဲ့စဉ် ပြီးခဲ့တဲ့လက ကင်မ်ထံကနေ ပေးပို့လိုက်တဲ့ စာကို ထရမ့်ဘက်က လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

သြဂုတ်လ တတိယပတ်မှာ ထရမ့်ဆီ ပေးပို့လိုက်တဲ့ စာထဲမှာတော့ ကင်မ်က ထရမ့်နဲ့အကြား နောက်တစ်ကြိမ် လူချင်းတွေ့ဆုံဆွေးနွေးလိုတယ်လို့ ဖော်ပြထားကြောင်း သတင်းရင်းမြစ်တစ်ဦးက တောင်ကိုရီးယားရဲ့ Joongang Ilbo သတင်းစာကို ပြြောသွားပါတယ်။

ယခုသတင်းနဲ့ ပတ်သက်လို့ အိမ်ဖြူတော်ဘက်ကရော၊ မြောက်ကိုရီးယားဘက်ကပါ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

ထရမ့်နဲ့ ကင်မ်တို့ကတော့ ယမန်နှစ် ဇွန်လနောက်ပိုင်း သုံးကြိမ်အထိ တွေ့ဆုံထားခဲ့ပေမယ့် ထိရောက်ခိုင်မာတဲ့ တိုးတက်မှုတွေတော့ မမြင်တွေ့ရသေးပါဘူး။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly