ငါန်းဇွန်မြို့နယ် အခြေခံပညာမူလတန်းကျောင်းတွင် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေ

ငါန်းဇွန်မြို့နယ် အခြေခံပညာမူလတန်းကျောင်းတွင် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေ
(ဓာတ်ပုံ- ဒေါ်အိမို့မို့ခိုင်)

မန္တလေး၊ စက်တင်ဘာ ၁၆ ။             ။ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အခြေခံပညာမူလတန်းကျောင်း(ရေလယ်သောင်)တွင် သောက်သုံးရေ ခက်ခဲနေ၍ အလှူရှင် လိုအပ်လျက်ရှိသည်ဟု မူလတန်းပြ ဆရာမ ဒေါ်ဝေဇင်နွယ်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါကျောင်းတွင် KG မှစတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ ၅၀ ဦးကျော်ပညာသင်ကြား နေပြီး ၎င်းတို့ သောက်သုံးရန်အတွက် အခက်အခဲများ ဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။

"အခုရှိတာက ဘုံပိုင်ရေလေ။နှိပ်တုန်းကတော့ ကြည်နေတာပဲ။နောက်ပိုင်း နာရီဝက် တစ်နာရီလောက် ကြာရင် ရေကနောက်သွားတယ်။အဲဒီရေကိုပဲ ကျောင်းသား ကျောင်းသူတွေ သုံးနေရတယ်။အရင်က တော့ ရေစစ်ပုံးတွေ ဝယ်ထားပြီး လုပ်ခဲ့တယ်။အဲဒါကလည်း အခုသုံးလို့မရတော့လို့ မိုးရေကန်လုပ်ဖို့ အလှူရှင် လိုအပ်နေတာပါ။"ဟု ဆရာမ ဒေါ်ဝေဇင်နွယ်ကပြောသည်။

အဆိုပါ မိုးရေကန် ပြုလုပ်ရန်အတွက် ငွေကျပ် ၁ဝသိန်းကျော်ကုန်ကျမည်ဟုခန့်မှန်းထားပြီး လက်ရှိ တွင် ကျပ်တစ်သိန်းကျော် အလှူခံ ရရှိထားသည်ဟု သိရသည်။

ယခင်က အဆိုပါကျောင်းတွင် ဘုံဘိုင်မှရရှိသည့် ရေနောက်အား ဖိုက်ဘာကန်ဖြင့်ထည့်၍ ညသိပ်ကာ ရေကြည်လာသည့်အခါ ရေစစ်ကန်သို့ထည့်ပြီး သောက်သုံးရေအဖြစ် အသုံးပြုခဲ့ကြောင်း လက်ရှိတွင် ရေစစ်ကန်များမှာလည်း အသုံးပြုမရ ဖြစ်နေသောကြောင့် ယခုကဲ့သို့အလှူ ခံရခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။

"ကိုယ့်ကလေးကို မသန့်တဲ့ရေ မသောက်စေချင်ဘူး။ကိုယ့်အနေနဲ့ကျတော့လည်း ပိုက်ဆံက မတတ်နိုင်ဘူး။ ကျောင်းအနေနဲ့ကလည်း ထောက်ပံ့မပေးနိုင်ဘူး။အဓိက ဖြစ်စေချင်တာကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ကြည့်ပြီးတော့ ကျောင်းကျန်းမာရေးအတွက် လုပ်ပေးစေချင်တယ်။"ဟု ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဒေါ်အိမို့မို့ခိုင်ကပြောသည်။

မိုးရေကန်ပြုလုပ်ရန်အတွက် လှူဒါန်းလိုသူများအနေဖြင့် ဆရာမ ဒေါ်ဝေဇင်နွယ် ဖုန်းနံပါတ် ၀၉၇၇၇၁၄၄၆၅၁ နှင့်ဒေါ်အိမို့မို့ခိုင် ဖုန်းနံပါတ် ၀၉-၇၈၂၈၅၇၅၂၈သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly