MALDIVES International Future Series 2019 ပြိုင်ပွဲအတွက် သက်ထားသူဇာ မော်လဒိုက်သို့ ထွက်ခွာ

MALDIVES International Future Series 2019 ပြိုင်ပွဲအတွက် သက်ထားသူဇာ မော်လဒိုက်သို့ ထွက်ခွာ
ဓာတ်ပုံ - သက်ထားသူဇာ

ရန်ကုန်၊ စက်တင်ဘာလ ၁၆ ။            ။ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မော်လဒိုက်နိုင်ငံတွင် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိကျင်းပပြုလုပ်မည့် MALDIVES International Future Series 2019 ကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံမှ စတင်ထွက်ခွာသွားပြီဟု သိရသည်။

သက်ထားသူဇာသည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော Myanmar International Series 2019 နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုသာ ရရှိခဲ့သည်။ထို့နောက် စက်တင်ဘာလ ၁၆ရက် မနက်ပိုင်းတွင် မော်လဒိုက်နိုင်ငံတွင် ကျင်းပမည့် ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ စတင်ထွက်ခွာ ခဲ့ခြင်း ဖြစ်သည်။

သူသည် မော်လဒိုက်နိုင်ငံတွင်ကျင်းပမည့် Maldives Future Seriesပြိုင်ပွဲနှင့် Maldives International Challenge ပြိုင်ပွဲနှစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

Myanmar International Series 2019 အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်း၊ အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်း၊ အမျိုးသား-အမျိုးသမီးနှစ်တွဲပြိုင်ပွဲနှင့် အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ တို့တွင် တရုတ်(တိုင်ပေ)၊အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် အိန္ဒိယအသင်းတို့က ချန်ပီယံဆုများ ရရှိခဲ့သည်။

သက်ထားသူဇာသည် Myanmar International Series 2019 နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ တွင် တတိယဆုသာ ရရှိခဲ့သောကြောင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ၁ မှတ်လျော့ခံခဲ့ရပြီး ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၇၃ သို့ကျဆင်းခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly