ကျိုးသွားတဲ့အရိုးမြန်မြန်ပြန်ဆက်စေဖို့ ဒါတွေလိုက်နာပါ

ကျိုးသွားတဲ့အရိုးမြန်မြန်ပြန်ဆက်စေဖို့ ဒါတွေလိုက်နာပါ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အရိုးကျိုးသွားတဲ့ပြဿနာဟာ လှုပ်ရှားလို့လည်းမရ သွားလို့လာလို့လည်းမကောင်း တစ်ပတ် ၂ ပတ်နဲ့ ပြန်သက်သာတာမျိုးတွေ မဟုတ်တော့ အင်မတန် စိတ်ညစ်စရာကောင်းတဲ့ ပြဿနာတစ်ခုပါ။ ဒီလိုအချိန်တွေဆို ဘယ်တော့ ပြန်ဆက်မှာလဲ ဘယ်လောက်ကြာမှာလဲဆိုပြီး ထိုင်တွေးနေရုံမှအခြား ဘာမှ လုပ်လို့မရဘူးလေ.။ ဒါပေမယ့် အရိုးမြန်မြန်ပြန်ဆက်စေဖို့ကိုယ်တွေဘက်က လုပ်ပေးနိုင်တာ လေးတွေ ရှိတယ်ဆိုရင် အံ့သြသွားမလား။ ဘာမှမလုပ်တာထက်စာရင် ဒါလေးတွေ လိုက်နာပြီးလုပ်ပေးတော့ စိတ်သက်သာတာပေါ့။
ကျိုးသွားတဲ့ အရိုးကို မြန်မြန်ပြန်ဆက်စေချင်ရင် ဒါတွေလိုက်နာပါ။

အရိုးကျိုးနေတဲ့အချိန် အဓိက လုပ်ရမှာကတော့ ကျိုးသွား ဒဏ်ရာရသွားတဲ ့အရိုးကို ဘာမှမလုပ်ဘဲ နားနေဖို့ပဲ ဖြစ်ပါတယ်။  နောက်ပြီးတော့
ပရိုတင်း ဖြည့်စွက်အားဆေးတွေသောက်ပါ။

အရိုးဖွဲ့စည်းမှုတစ်ခုမှာအဓိက အရေးအကြီးဆုံးနဲ့ အများဆုံးက ပရိုတင်းတွေပဲ ဖြစ်တာကြောင့် အရိုးပြန်သန်မာစေဖို့နဲ့ မြန်မြန်ပြန်ဆက်စေဖို့ ပရိုတင်းဖြည့်စွက်အားဆေးတွေ များများသောက်ပေးဖို့လိုပါတယ်။
ဓာတ်တိုးဆန့်ကျင့်ပစ္စည်းကြွယ်ဝတာတွေစားပါ။

တစ်ရှူးတွေထိခိုက်မိရာကနေ ထွက်လာတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် အရိုးပြန်ဆက်တဲ့နေရာမှာ အချိန်ကြန့်ကြာသွားနိုင်တာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants ကြွယ်ဝတာတွေစားပေးဖို့လိုပါတယ်။ ဗီတာမင် A C E ကြွယ်ဝတဲ့ အစားအစာတွေနဲ့ အခြား အစိမ်းရောင် အသီးအရွက်တွေက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ အစားအစာတွေပါ။
သတ္တုဓာတ်ကြွယ်ဝတဲ့ ဖြည့်စွက်အားဆေးတွေကိုလည်း မေ့ထားလို့ မရသေးပါဘူး။

အရိုးတစ်ခုဖွဲ့စည်းထားတဲ့နေရာမှာ ကယ်လ်ဆီယမ်၊ ဆီလီကွန်နဲ့ မဂ္ဂနီဆီယမ် ၊ဖေ့ာစဖောရက်စ်နဲ့ ဇင့်ဓာတ်တို့ ပါဝင်နေပါတယ်။ ဒီတော့ ကျိုးသွားတဲ့ အရိုးမြန်မြန်ပြန်ဆက်စေဖို့ ခုပြောခဲ့တဲ့ ဓာတ်တွေ ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေ အစားအစာတွေ စားပေးဖို့လိုပါတယ်။ ဒါမှ soft callus လို့ခေါ်တဲ ့အရိုးကျီးပေါင်း မြန်မြန်တက်ပြီး အ ရိုးပြန်ဆက်ချိန် မြန်မှာပါ။
ဗီတာမင် ကြွယ်ဝတာတွေစားပါ။

ဗီတာမင်တွေက အရိုးဆဲလ်အသစ်တွေထွက်စေတဲ့နေရာမှာ အားပေးတာကြောင့် အရိုးကျိုးတာ မြန်မြန်ပြန်ဆက်ဖို့ဆို ဗီတာမင် C D Kကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့လိုပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်ပါဆိုပေမယ့် ဒါဟာ အရိုးပြန်ဆက်နေတဲ့အချိန်မှာ လုပ်ဖို့ပြောတာမဟုတ်ပါဘူး။ အရိုးပြန်ဆက်သွားပြီလို့ ယူဆရတဲ့အခါကျမှသာ တစ်ချိန်လုံ းအနားပေးထားတဲ့ အရိုးပြန်သန်မာအောင်လို လေ့ကျင့်ခန်းလုပ်ရမှာ ဖြစ်ပါတယ်။
ဆေးလိပ် ရှောင်ပါ။

ဆေးလိပ်ဆိုတာ အနာကျက်နှေးခြင်းကို ဖြစ်စေတဲ ့အဓိက တရားခံပါ။ ကိုယ်က အရိုးလည်းကျိုးနေသေး ဆေးလိပ်လည်းဆက်သောက်နေသေးတယ်ဆိုရင်တော့ သေချာပါတယ်။ အရိုးပြန်ဆက်ဖို့ အချိန်တော်တော် ယူရပါလိမ့်မယ်။

နောက်ပြီး ဆရာဝန်ချိန်းတဲ့အတိုင်း ပြန်သွားပြီး ဓာတ်မှန်ပုံမှန်ရိုုက်ပါ။ ဒါမှ ကိုယ့်အရိုးကပြန်ဆက်လား မဆက်ဘူးလား ။နေရာတကျရောဖြစ်ရဲ့လား၊ ခွဲစိတ်ဖို့လိုလား မလိုဘူးလားသိမှာ ဖြစ်ပါတယ်။ အဓိကကတော့ စိတ်ရှည်ပါ ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly