ဒို့အိမ်၏ စွန့်ပစ်ပစ္စည်းများ ခွဲခြားစွန့်ပစ်ရေးအစီစဉ်တွင် စည်ပင် မှပံ့ပိုးဆောင်ရွက်မည်

ဒို့အိမ်၏ စွန့်ပစ်ပစ္စည်းများ ခွဲခြားစွန့်ပစ်ရေးအစီစဉ်တွင် စည်ပင် မှပံ့ပိုးဆောင်ရွက်မည်
ရန်ကုန်မြို့တွင်းနောက်ဖေးလမ်းကြားရှင်းလင်းနေပုံ

စက်တင်ဘာလ ၁၄ ။         ။ ရန်ကုန်မြို့အတွင်း အမိႈက်စို၊အမှိုက်ခြောက် ၊ပုလင်းနှင့် ရုပ်ဝတ္ထုပစ္စည်းများခွဲခြား စွန့်ပစ်ရန်အတွက် ဒို့အိမ်မှ အမှိုက်ပုံးများ ထားရှိမည့်အစီစဉ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာဌာနမှပူးပေါင်း ဆောင် ရွက်သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့် ရှင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင်မော် ကပြောသည်။

"ဘယ်နေရာမှာအမှိုက်ရှိရှိ ကျုံးပေးရာမဲ့တာဝန်ရှိပါတယ်။ ဒို့အိမ်က မြို့ထဲမှာ လမ်းလေးလမ်း ကို ရွေးပြီး လမ်းနှစ်ဖက်မှာရှိတဲ့ အိမ်တွေကို အမှိုက်ပုံးတွေ ပေးမယ်။ အမှိုက်ကိုခွဲခြားပြီး ပစ်စေမယ်။ ဥပမာ-သံ၊ပလပ်စတစ်တို့ကို ခွဲခြားပြီးပစ်မယ်။အော်ဂနစ် နဲ့ပတ်သက်တာကိုခွဲခြားပြီးပစ်မယ်။ အဲဒါ ပြန်ပြီး စုစည်းမယ်။ အစိုဆိုရင် အမှိုက်ပုံးအစိမ်းထဲ ထည့်မယ်။ အခြောက်ဆို အမှိုက်ပုံးအပြာပေါ့ အမှိုုက်ပုံးတွေ တိုးလာပြီးလုပ်မယ်။ သူတို့ ထောက်ပ့ံငွေ နဲ့အိမ်ထောင်စုတွေဝေမယ်။ အိတ်ခွဲခြား စွန့်ပစ်အောင်လုပ်မယ်"ဟု ဒေါက်တာအောင်မြင့်မော် က ပြောသည်။

ဒို့အိမ်မှ ဦးစီး၍ ရန်ကုန်မြို့တွင်း စွန့်ပစ်အမှိုက်စိန်ခေါ်မှုပြဿနာများကို မည်သို့အကောင်းဆုံး နည်း လမ်းအသုံးပြုပြီး လျော့ချသွားမည်ဟူသော စကားဝိုင်းတစ်ရပ်ကို စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ပိုင်းက ရန်ကုန်မြို့၊ဗိုလ်တထော်မြို့နယ်ရှိ ပန်သူရိယတွင် ကျင်းပပြုခဲ့သည်။

ယင်းစကားဝိုင်းတွင် ရန်ကုန်မြို့တွင်း လူဦးရေ ငါးသန်းကျော်နေထိုင်လျက်ရှိပြီး နေ့စဉ် အမှိုုက်တန်ချိန် ၂၅၀၀ တန်ခန့်ထွက်ရှိလျက်ရှိကြောင်း၊ လူတစ်ဦးချင်းစီတွင် ပျမ်းမျှတွက်ချက်မှုအရ အမှိုက် ၀.၄၁၃ ကီလိုဂရမ် နေ့စဉ်ထွက်ရှိလျက်ရှိကြောင်း အဆိုပါဆွေးနွေးပွဲမှ သိရသည်။

" အမှန်တကယ်ဆို ကျွန်တော်တို့ဌာနက လုပ်ရမှဖြစ်ပါတယ်။ ကော်မတီက လုပ်ရမယ့် လုပ်ငန်းဖြစ် ပါတယ်။ဒို့အိမ်ကရှေ့ပြေးပိုင်းလော့ပရောဂျက် လုပ်တဲ့အတွက်ကြောင့် အထူးဝမ်းသာတယ်။ ဘယ် နေရာ ဖြစ်ဖြစ် ဒို့အိမ်နဲ့ပူးတွဲပြီး အခုက လမ်းလေးလမ်း ပဲစလုပ်မယ်။ အဲကနေ ထပ်မံပြီး လူလိုလား ၊ ပစ္စည်းလိုလား ၊ ဘာလိုလဲ။ အဲဒါတွေကိုပ့ံပိုးပေးဖို့အတွက် လာရောက်ပူးပေါင်းခြင်းဖြစ်ပါတယ် " ဟု ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်မော် က ဆက်ပြောသည်။

အဆိုပါ အစီအစဉ်ကို ၃၅လမ်း နှင့် ဘားလမ်းအပေါ်ဘလောက် ၊ ၃၁ လမ်း နှင့် ၃၂ လမ်း အလယ် ဘလောက်တို့ ၏ နောက်ဖေးလမ်းကြား တို့တွင် ကနေဦးစတင် လုပ်ဆောင်သွားမည် ဖြစ်သည်။
ရန်ကုန်မြို့တွင်း ထွက်ရှိသည့်အမှိုက်များကို လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ နှင့် မြောက် ဒဂုံမြို့နယ်အတွင်းရှိ ထားဝယ်ချောင် အမှိုက်ပုံသို့ နေ့စဉ်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly