မိုဒီကို သူရဲဘောကြောင်သူလို့ ခေါ်ရင်း ကက်ရှ်မီးယားအရေး ကုလသမဂ္ဂမှာ အမှုတင်မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် ပြော

By AFP
14 September 2019
မိုဒီကို သူရဲဘောကြောင်သူလို့ ခေါ်ရင်း ကက်ရှ်မီးယားအရေး ကုလသမဂ္ဂမှာ အမှုတင်မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် ပြော

ကက်ရှ်မီးယား၊ စက်တင်ဘာ ၁၄ ။        ။ ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရန်ခန်းက အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီကို သူရဲဘောကြောင်သူလို့ ခေါ်ဝေါ်ရင်း ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ အမှုတွဲတင်မယ်လိို့ သောကြာနေ့က ကတိပေးပြောဆိုပါတယ်။

ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာကို အိန္ဒိယနိုင်ငံက ရုပ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမှုတင်မယ်လို့ ထောက်ခံသူ သုံးထောင်ကျော်ထက်မနည်းကို အမ်မရန်ခန်းက ကတိပေးပြောဆိုတာ ဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ မိုဒီရဲ့ ကက်ရှ်မီးယားရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သြဂုတ် ၁၅ ရက်က ရုပ်သိမ်းလုက်တဲ့ လုပ်ဆောင်ချက်ဟာ အငြင်းပွား ဟိမဝန္တာပိုင်နက်ကို ကျော်လွန်ပြီး ဂယက်ရိုက်ခတ်လာလိမ့်မယ်လို့ ပါကစ္စတန် ထိန်းချုပ်ရာ ကက်ရှ်မီးယားက လူထုစုရုံးပွဲတစ်ရပ်မှာ ၎င်းက သတိပေး ပြောဆိုပါတယ်။

“အိန္ဒိယ မွတ်စလင် သန်း ၂၀၀ ကို အိန္ဒိယဟာ ဟိန္ဒူတွေအတွက်ပဲ ဖြစ်တယ်လို့ ခင်ဗျား ပြောလိုက်တာနဲ့ သူတို့ကို အကြမ်းဖက်မှုဆီ ခင်ဗျားက ဆွဲချလိုက်တာပဲ ဖြစ်လိမ့်မယ်။”လို့ အမ်မရန်းက မိုဒီကို ရည်ရွယ်ပြီး ပြောဆိုပါတယ်။

“နာရန္ဒြာမိုဒီ၊ ကျွန်တော်ကတော့ ခင်ဗျားကို ဒီနေရာကနေပြီး အသိပေးချင်တယ်။ သူရဲဘောကြောင်သူကပဲ ပြည်သူတွေကို ဖိနှိပ်တတ်ကြတယ်။”လို့ အလံတွေ ဝှေ့ယမ်းရင်း ကောင်းချီးပေးနေတဲ့ လူအုပ်ရှေ့မှာ အမ်မရန်ခန်းက မာန်ပါပါနဲ့ ပြောဆိုပါတယ်။

“ကျွန်တော်အနေနဲ့ လာမယ့် သီတင်းပတ် ကုလသမဂ္ဂညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကက်ရှ်မီးယားပြည်သူတွေကို စိတ်ပျက်စေမှာ မဟုတ်ပါ။ ကျွန်တော်ဟာ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မလုပ်ဆောင်ခဲ့တာကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။”လို့လည်း ပြောဆိုခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly